SCIENCE$type=right$va=0$count=3

Health,27,Love,2831,MyanmarModel,17,News,652,Slider,3003,Video,217,

POLITICS$type=left$va=0$count=3

ARCHITECT$type=one$count=3

TECH$type=three$author=hide$comment=hide$rm=hide

TRAVEL$type=carousel

BY READERS$type=blogging$cate=2$count=4

FASHION$type=two$h=0$meta=0$rm=0$snip=0

Name

$type=slider$snippet=hide$cate=0

BUSINESS$type=complex$count=4

STAFF PICK$type=sticky$count=4$cate=1

TOP-LEFT ADS

5/20/2017

Shwe Mhone Attends Wedding With Modern Burmese Attire Outfit Style






Shwe Mhone Attended her colleague Myint Myat wedding on February 15 and her fashion got attention from her fans as she is wearing modern burmese dress in style.





Shwe Mhone Attended her colleague Myint Myat wedding on February 15 and her fashion got attention from her fans as she is wearing modern burmese dress in style.


5/18/2017

နေတတ်ရင် ကျေနပ်စရာ


လူ့ဘ၀မှာနေရင်း ကိုယ်ပိုင်ဆိုင်ထားတဲ့ဘ၀ကြီးကို စိတ်ပျက်မိတဲ့အချိန်တွေရှိကြမှာပါ။ ကိုယ်ဖြစ်ချင်တာတစ်မျိုး၊ ဖြစ်နေရတာတစ်မျိုးနဲ့ လိုတာမရ၊ ရတာမလို ဘ၀မျိုးပေါ့။ အလုပ်ထုတ်ခံရလို့၊ စီးပွားရေးကျသွားလို့၊ စာမေးပွဲကျလို့ စတဲ့အကြောင်းပြချက်တွေနဲ့ သင့်ကိုယ်သင် ကျရှုံးမှုတွေကြားမှာ နစ်မွန်းခံနေကြပေမယ့် တကယ်တော့ စာဖတ်သူတို့ပိုင်ဆိုင်ထားတဲ့ဘ၀ကြီးဟာ ထင်သလို ဆိုးဆိုးဝါးဝါးချည်းမဟုတ်ပါဘူး။ ပိုင်ဆိုင်ထားတာတွေထဲမှာ မမြင်မိတဲ့၊ သတိမထားမိတဲ့ နေပျော်စရာအချက်တွေ အများကြီးရှိပါတယ်။ ဘယ်အချက်တွေဖြစ်မလဲဆိုတာ ဒီတစ်ပတ် စာဖတ်သူတွေကို ဝေမျှပေးချင်ပါတယ်။
ဘ၀က မလွယ်ကူတဲ့အရာလို ထင်ချင်ထင်မိလိမ့်မယ်။ ဆုံးရှုံးမှုတွေကြောင့် ဘ၀ကြီးကို စိတ်နာတဲ့အခါ ရှိလိမ့်မယ်။ ဒါပေမယ့် အောင်မြင်မှုတိုင်းမှာ ရှုံးနှိမ့်မှုဆိုတာ ရှိစမြဲပဲ၊ ရှုံးနှိမ့်မှုတွေကြောင့်သာ အောင်မြင်မှုဖြစ်လာတာလို့ ဆိုတဲ့အတိုင်း စာဖတ်သူတို့ဘ၀မှာ ဆုံးရှုံးမှုတွေမရှိပဲ အောင်မြင်မှုရယူဖို့ စိတ်ဓာတ်ခွန်အားရှိမလာပါဘူး။ ကြုံတွေ့ခဲ့တဲ့အခက်အခဲတွေက သင့်ကိုအောင်မြင်မှုဆီ တွန်းပို့ပေးတဲ့အရာမို့ စိတ်ပျက်စရာလို့ မသတ်မှတ်ပါနဲ့။
ဘ၀က ဘယ်လောက်ပဲ ပင်ပန်းပါတယ်ပြောပြော အချိန်တန်အိမ်ပြန်ရောက်ရင် သက်တောင့်သက်သာ လှဲအိပ်စရာတော့ရှိကြတာပဲလေ။ ဒါပေမယ့် တခြားသောကမ္ဘာ့နေရာတွေမှာတော့ ကျောတစ်နေရာစာလှဲအိပ်ဖို့ ရုန်းကန်နေကြတာ အများကြီးပါပဲ။ စစ်ပွဲဖြစ်လို့ ကျီးလန့်ကျက်စားနေရတဲ့ဘ၀တွေနဲ့ နှိုင်းယှဉ်ရင် သင်ကြုံတွေ့နေတဲ့ အခက်အခဲဆိုတာ အနည်းအကျဉ်းပဲ ရှိပါသေးတယ်။
အလုပ်မှာ နေ့စဉ်ရက်ဆက်ပင်ပန်းလို့ ငြီးငြူနေမယ့်အစား အနည်းဆုံးတော့ ဖြေသိမ့်စရာက သင့်မှာအလုပ်အကိုင်တစ်ခု ရှိနေတယ်ဆိုတာပါပဲ။ ဘယ်အလုပ်မဆိုတော့ အခက်အခဲဆိုတာ ရှိကြမှာပဲလေ။ ဒါကိုပဲ နေ့စဉ်ရက်ဆက် အပြစ်ပုံချနေမယ့်အစား ဒီနေ့ကမ္ဘာမှာ အလုပ်လက်မဲ့နှုန်းတွေမြင့်မားနေချိန်မှာ အလုပ်အကိုင်ရှိသူတစ်ယောက်အနေနဲ့ ဂုဏ်ယူလိုက်ပါ။
နေ့စဉ် မနက်ဆိုလည်း မနက်စာအဆင်သင့်၊ နေ့လည်နဲ့ညဆိုလည်း ထမင်းစားဖို့ အဆင်သင့်ဖြစ်နေတဲ့ဘ၀ကြီးကို ဘာလို့မကျေနပ်ဖြစ်နေမှာလဲ။ နေတတ်ရင် ကျေနပ်စရာတွေချည်းပဲမို့ အချိန်မှန်စားနိုင်နေတဲ့ဘ၀ကလည်း နေပျော်စရာတွေထဲက တစ်ချက်ပါပဲ။
သင့်မှာ ရွေးချယ်ခွင့်တွေရှိနေတယ်။ လက်ရှိလုပ်နေတဲ့ အလုပ်မကြိုက်လည်း ကိုယ့်အရည်အချင်းနဲ့ဆို တခြားအလုပ်ပြောင်းရှာနိုင်တာပဲလေ။ ဒါကို သူများလိုဘာလို့ အလုပ်အကိုင်ကောင်းကောင်းမရတာလဲ၊ သူ့လောက် ဘာလို့လစာမကောင်းတာလဲဆိုပြီး စိတ်ဒဏ်ရာရအောင် မလုပ်သင့်ပါဘူး။ သူ့ဘ၀ကိုယ့်ဘ၀ လျှောက်လှမ်းပုံချင်းမတူတာမို့ တစ်ပါးသူနဲ့ နှိုင်းယှဉ်လိုက်ခြင်းဟာ သင့်ကိုယ်သင် နှိမ့်ချလိုက်သလိုပါပဲ။ ဘ၀မှာ ကိုယ်စိတ်ချမ်းသာအောင်ပဲနေပါ။
စိတ်မှာ ချစ်ခင်နှစ်သက်တဲ့စိတ်နှလုံးကောင်းကို ပိုင်ဆိုင်ထားလျက်နဲ့ အရောင်ဆိုးဖို့ မကြိုးစားပါနဲ့။ လက်ရှိပိုင်ဆိုင်ထားတဲ့အရာတွေဟာ တကယ့်အစစ်မှန်ပျော်ရွှင်စရာတွေချည်းပါပဲ။ မြင်အောင်မကြည့်တတ်လို့သာ တခြားဘ၀တွေကို အားကျနေကြတာပါ။
ကမ္ဘာပေါ်မှာ မသန့်စင်တဲ့ရေကို သောက်နေရသူတွေ ဒုနဲ့ဒေးပါပဲ။ ၀တ်စရာအ၀တ်အစား မရှိတာ၊ နေစရာအိမ် မရှိတဲ့သူတွေလည်း မနည်းပါဘူး။ ဒါကြောင့် သင့်ဘ၀မှာ ရေငတ်ရင်သောက်ဖို့ ရေသန့်တွေရှိတယ်၊ နေ့တိုင်း မရိုးအောင်ဝတ်ဖို့ အ၀တ်အစားအပြည့်၊ နေစရာအိမ်ကလည်း အဆင်သင့်နဲ့ ဘယ်လောက်နေပျော်စရာကောင်းလဲ။
အခက်အခဲတွေ ရုန်းကန်နေရဆဲမို့ ကိုယ်ဖြစ်ချင်တဲ့ဘ၀ကို မပိုင်ဆိုင်သေးပေမယ့်လည်း အနည်းဆုံးတော့ စိတ်ကူးအိပ်မက်တွေ ရှိနေပါသေးတယ်။ ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားဖို့ စိတ်ကူးအိပ်မက်တွေရှိနေသေးတာ ဘ၀မှာ အကောင်းဆုံးနေပျော်စရာ အချက်ပါပဲ။ ဒီလိုအချိန်မှာ ဘ၀မှာ ရင်သန်နေထိုင်ဖို့အတွက် ကျရာအလုပ်လုပ်ပြီး လုပ်ရှားရုန်းကန်နေရသူတွေ အများကြီးပါပဲ။ သူတို့မှာ စိတ်ကူးအိပ်မက်တောင် မက်ခွင့်မရှိပဲ နေ့စဉ်ဘ၀အတွက် ကြိုးစားနေရသူတွေပါ။ ဒါကြောင့် ကိုယ့်ဘ၀အခက်အခဲတွေကို စိတ်ပျက်ငြီးငြူမနေပဲ ပိုင်ဆိုင်ထားတဲ့အရာတွေကို တန်ဖိုးထားမယ်ဆိုရင် ဘ၀ကြီးက နေတတ်ရင်ကျေနပ်စရာတွေချည်းပါပဲ။

.lifehack.org
akhamaet.com

လူရှေ့ သူရှေ့ ဘောင်းဘီဖင်ကွဲလို့ အရှက်တကွဲ အကျိုးနည်းမလို ဖြစ်ခဲ့ရတဲ့ ဟာသလေးများ (တစ်ကယ်ရယ်ရလို့ တင်ပေးလိုက်တာ) :D:D:D


မန္တလေးအောင်ပင်လယ်ဘိုးဘိုးကြီး နတ်နန်းအနီး ကိုယ်လုံးတီးအ မျိုးသမီး မှ လာသမျှယာဉ်များအား ခဲဖြင့်ထုနေ

မန်း လေး အောင် ပင် လယ် ဘိုး ဘိုး ကြီး နတ်နန်း အ နီး မေ မြို့  အ ထွက် အ ဝိုင်း ပါတ် ပန်း ခုံ ပေါ် တွင် ကိုယ် လုံး တီး အ မျိုး သ မီး မှ လာ သ မျှ ယာဉ် များ အား
ခဲ ဖြင့် ထု နေ သ ဖြင့် တာ ဝန် ရှိ သူ များ မှ သွား ရောက် ဖမ်း ဆီး ထိမ်း သိမ်း ခဲ့ ပါ တယ်


သခင်သန်းထွန်းလေး




သင်ဇာဝင့်ကျော် ရဲ့ တလတာ အတွင်း အလှဆုံး ဓာတ်ပုံလေးတွေ စုစည်းမှုပါ




မော်ဒယ် မြတ်သူသူဝင်း က ဆန်းဒေး ဂျာနယ် အတွက် ဓာတ်ပုံရိုက်ကူးထားပါတယ်



5/15/2017

အပျိုစစ်ပါစေထက် အကြိမ်ရေနည်းပါစေ ဆုတောင်းနေရတယ်ဆိုတဲ့ ဖာခေါင်းများသို့


တစ်ကယ်အဖြစ်ပျက်လေးပါ ဖာခေါင်းများသို့ပေးစာ ယခုခေတ် လူငယ် ကျား/မ မရွေး ပြီးဆုံးအောင်ဖတ်ပေးကြ​စေလိုပါတယ်​​နော်​. ” ဟျောင့် ငါ့စော်ဆီကအဖြေရပြီကွ ” ” ဟုတ်လား ” Congrats သားကြီး တစ်ဝိုင်းတော့လုပ်လိုက်တော့ လအနည်းငယ်အကြာ…… ဟျောင့် မင်းစော်နဲ့ ဘယ်အခြေအနေ ရောက်နေပြီလဲ ” ပြောစမ်းပါဦး ” ဒီလိုပါပဲကွာ ” အဆင်ပြေပါတယ် ” ငါမေးတာက ဟိုဟာဒီဟာလုပ်ပြီးပြီလား ” ဟာ ” မဖြစ်ရသေးပါဘူးကွာ ဒီတိုင်း ရိုးရိုးသားသားပဲချစ်ကြတာပါကွ မင်းကလဲ ညံ့လိုက်တာကွာ,,, ဒီခေတ်က ကိုယ်မစားရင် ” သူများစားတဲ့ခေတ်ကွ ” ” ဟင် ” ဟျောင့် ဘာဆိုင်လို့လဲကွ… ” အေးမှတ်ထား ” ဒီခေတ်က အပျိုရှားသွားပီ ကိုယ်မလုပ်လဲ ကိုယ်နဲ့ပြတ်ရင်လဲ နောက်တစ်ကောင်နဲ့ ဖြစ်မှာပဲ,,, ငါဆို ငါ့စော်နဲ့ဖြစ်ပီးလို့,,, ပြတ်ပါပြတ်သွားပီ မင်းကတော့ညံ့ချက်ပဲကွာ ” ဟင် ” အေးမှတ်ထား ဒီခေတ်က ကိုယ်က ပါကင်မဖောက်လဲ တစ်ခြားကောင်က ဖောက်မှာပဲ ကိုယ့်ရှေ့မှာတောင် ဘယ်နှစ်ကောင်နဲ့ ဖြစ်ပြီးပြီလဲ မသိနိုင်တဲ့ခေတ်ကွ… စော်ရရင် အပျိုစစ်ပါစေထက် အကြိမ်ရေနည်းပါစေ ဆုတောင်းနေရတဲ့ ခေတ်ကွ “သားကြီးရ ” အေးသားကြီး ” ငါတစ်ခုပြောမယ် ” မင်းအမနှမ မင်းအမျိုးထဲက မိန်းမသားတယောက် တစ်ခြားကောင်နဲ့အဲ့လိုဖြစ်ပီး အဲ့ကောင်က ဖြတ်သွားရင် မင်းဘယ်လိုနေမလဲ… ” ဟာကွာ ” အဲ့ကောင်ကို တွေ့တဲ့နေရာ ” အသေပဲ… ” မင်းအမေက မင်းအဖေနဲ့ မညားခင် မင်းကိုမမွေးခင် တစ်ခြားမင်းအဖေအရွယ် ယောကျာ်းတစ်ယောက်နဲ့ အပျိုစင်ဘဝကို အကြိမ်ကြိမ်ပျက်ခဲ့ပီးမှ မင်းအဖေနဲ့ညားသွားတယ်ဆိုရင်ရော… ဟေ့ကောင် မင်းတော်တော့,,, ငါ့အမေက ရိုးသားတယ်,,, အဲ့လို မိန်းမမျိုး မဟုတ်ဘူး ,,, ဆက်ပြောရင် ငါထထိုးမှာနော်… ” အေး ” မှတ်ထားကွ မင်းတို့လို ကောင်မျိုးတွေကြောင့်ပဲ,,, အဲ့ဒီလို ရိုးသားတဲ့ မိန်းမတွေပဲ,,, အပျိုရည်ပျက်ရတာ,,, မင်းတို့လို ကောင်မျိုးတွေကြောင့်ပဲ အပျိုတွေရှားလာတာ နှမ အမမရှိလို့ ကိုယ်ချင်းမစာနာတတ်ရင်တောင်,,, အမေရှိတယ် မင်းအမေသာအရင်ကအဲ့လို,,, ဖြစ်ခဲ့တယ်ဆို မင်းဘယ်လိုခံစားရမလဲ … ဒါတော့ အမေလေကွာ” မတူဘူး ” ´ အေး မင်းလုပ်ခဲ့ပီးပြတ်ခဲ့တဲ့,, မင်းစော်တွေကလဲ နောင်တချိန်မှာ,,, မင်းအမေလို မိခင်ဖြစ်လာမယ့်သူတွေပဲ…” ဟာကွာ “မင်းတော်လိုက်တော့… ဖာသည်တောင် ငွေပေးမှ အိပ်လို့ရတဲ့ ဈေးကွက်စီးပွားရေး ခေတ်မှာ,,, မင်းကို ယုံကြည်တာ တစ်ခုထဲနဲ့ ,,, မင်းနဲ့ အိပ်ခဲ့တဲ့စော်ကို မင်းကဖြတ်တယ်,,, ဆိုတော့ မင်းဟာ ဂွေးပါပီး ခေါင်းမပါတဲ့ ယောကျာင်္းပဲသားကြီး…. မှတ်ထား ဘယ်မိန်းမမှ,,, ကျွန်မကိုလုပ်ပါဆိုပီး မချစ်ပဲနဲ့ ထမိန် မလှန်ပေးဘူးလေ… ယုံကြည်လို့ အားကိုးလို့ ချစ်လို့,,, လိုက်လျောပေးခဲ့တာကို,,, မင်းတို့လို ကောင်တွေက တော်လှပီထင်နေရင် မင်းတို့ဟာ ခွေးထက်မိုက်တဲ့….ယောကျာင်္းတွေပဲ… အမျိုး​ကောင်းသား အမျိုး​ကောင်းသ္မီးများ မိမိကိုယ်​ကို​ရော တစ်​ဦးကို တစ်​ဦး​ရော ကိုယ်​ချင်းစာတရား ​ရှေ့မှာထားပီး အသိတရား သတိတရားများဖြင့်​ အစဉ်​ထာဝရ​စောင့်​​ရှောက်​နိုင်​ကြပါ ​စေလို့ ဆန္ဒပြု မိ​နေပါ​တော့သည်​.

Credit to cop

သင်္ဘောသားမိသားစု၏ အိမ်ထောင်ရေးဖောက်ပြန်မှု ဖြစ်ရပ်မှန်ဇာတ်လမ်း




သင်္ဘောသားမိသားစု၏ အိမ်ထောင်ရေးဖောက်ပြန်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းအားအခြေခံ၍နောက်ထပ်ဒီလိုအဖြစ်ဆိုး မျိုးတွေ မကြုံရလေအောင်သင်ခန်းစာရဖွယ်ပညာပေးဇာတ်လမ်းအဖြစ်ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာ စေလိုသည့် ရည်ရွယ်ချက်မရှိပါ။
Title – မနက်ဖြန်၏ အလင်းရောင်
Duration – 12:09 minutes Based on True Story Director/Script – Zaw Ye Htike Cast – Zaw Ye Htike , Phoo Phoo Pyae Sone , Wai Lin Htun , Wunna Sithu Manager – Sai Zaw Camera man – Min Min Ko Edit – A Yoe Crews – Ko Latt, Ko Fatty, Ko Oo,Wai Yan Produced by – Ipic Creation (Short Films, TVC)


လသာမြို့နယ်၌ နေအိမ်အတွင်းဝင်ရောက်၍ ငွေနှင့် ရွှေထည်ပစ္စည်းများ ခိုးယူမှုဖြစ်ပွား


လသာမြို့နယ်၌ နေအိမ်အတွင်းဝင်ရောက်၍ ငွေနှင့် ရွှေထည်ပစ္စည်းများ ခိုးယူသွားသူများကို ဖမ်းဆီးရမိ စစ်ဆေးရာမှ ကျောက်တံတားမြို့နယ်မှ ခိုးယူခဲ့မှုပါ ထပ်မံပေါ်ပေါက်ခဲ့သည်ဟု သိရသည်။



လသာမြို့နယ်၊ (၅)ရပ်ကွက်၊ ဗိုလ်ရွဲလမ်းနေ ဒေါ်—- သည် လသာလမ်း၌ အလှပြင်ဆိုင်ဖွင့်လှစ်လုပ်ကိုင်လျက်ရှိရာ မေ လ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ အချိန်ခန့်တွင် နေအိမ်တံခါးအားသော့ခတ်ပြီး ၎င်း၏ အလှပြင်ဆိုင် ၀န်ထမ်းများနှင့်အ တူ လသာလမ်းရှိအလှပြင်ဆိုင်၌လုပ်ကိုင်နေစဉ် ညနေ ၅ နာရီခွဲအချိန်ခန့်တွင် နေအိမ်သို့ပြန်သွားသော ဆိုင်ဝန်ထမ်းတစ် ဦးမှ ဆိုင်သို့ပြန်လည်ရောက်ရှိလာကာ နေအိမ်တံခါးပွင့်နေပြီး ပစ္စည်းများ ပြန့်ကျဲနေကြောင်းပြောသသည်။

နေအိမ်သို့သွားရောက်ကြည့်ရှုစစ်ဆေးရာ ၎င်းပိုင် ပလပ်စတစ်သေတ္တာသော့မှာပျက်နေပြီး အတွင်းရှိ လက်ကိုင် အိတ်ဖြင့် ထည့်ထားသော ရွှေထည်ပစ္စည်း(၁၄)မျိုးနှင့် ငွေကျပ်(၁၀)သိန်း၊ ဆိုင်ဝန်ထမ်းများ၏ ခရီးဆောင်အိတ်များအတွင်းမှ ငွေ ကျပ်(၄၁၀၀၀၀)နှင့် ရွှေနားကပ် ၁ ဖက်၊ လက်ကိုင်ဖုန်း ၁ လုံးတို့မှာ ပျောက်ဆုံးနေကြောင်း စိစစ်သိရှိရသဖြင့် ခိုးယူသူ အားအရေးယူပေးရန်တိုင်တန်းချက်အရ လသာမြို့မရဲစခန်း(ပ)၁၇၀/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ-၃၈၀/၅၄ ဖြင့် အမှုဖွ င့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ ပါသည်။



အမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်း အကူဌာနစုမှတပ်ဖွဲ့ဝင်များနှင့် လသာမြို့မရဲ စခ န်းမှ ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေအိမ်၊ ပိုင်ရှင်နှင့် ၀န်ထမ်းများအား အသေးစိတ်စစ်ဆေး ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူး လွန်သူမှာ ယင်းနေ့ နံနက် ၁၀ နာရီခွဲအချိန်နှင့် ညနေ ၅ နာရီခွဲအချိန်ကြားတွင် တိုက်ခန်းတံခါးသော့အားဖျက်၍ အတွင်း ရှိ ပစ္စည်းများအား ၀င်ရောက်ခိုးယူသွားကြောင်း သုံးသပ်သိရှိရပြီး ယခင်က အလှပြင်ဆိုင်ဝန်ထမ်းဟောင်းများဖြစ်သော ခန့်စည်သူ(ခ)စည်သူနှင့် ၎င်း၏ဇနီးဖြစ်သူ ဥမ္မာကျော်(ခ)ဥမ္မာ(ခ)အေမီတို့ဖြစ်ကြောင်း သိရှိခဲ့ရ ပါသည်။

၎င်းတို့(၂)ဦးအား ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းဆောင်ရွက်ခဲ့ရာ မေလ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီခွဲ အချိန် ခန့်တွင် ဒလမြို့နယ်နေ ခန့်စည်သူ(ခ)စည်သူအား အမှုမှပါဆုံး လက်ကိုင်ဖုန်းနှင့်အတူ ဆိပ်ကမ်း မြို့နယ်၊ ပန်းဆိုး တန်း ဆိပ်ကမ်းမှလည်းကောင်း၊ ညနေ ၃ နာရီခွဲအချိန်ခန့် တွင် ဥမ္မာကျော်(ခ)ဥမ္မာ(ခ)အေမီ၊ (၂၁)နှစ်အား လမ်းမတော်မြို့ နယ်၊ အနော်ရထာလမ်းနှင့် လှည်းတန်းလမ်းထောင့်မှလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ပါသည်။



ဖမ်းဆီးရမိသူ ခန့်စည်သူ(ခ)စည်သူနှင့် ဥမ္မာကျော်(ခ)ဥမ္မာ(ခ)အေမီတို့ အားစစ်ဆေးခဲ့ရာ ၎င်းတို့ ၂ ဦးသည် မေလ ၇ ရက်နေ့ ၁၁ နာရီ ၅၀ အချိန် ခန့်တွင် အခင်းဖြစ်တိုက်ခန်းသို့ ခိုးယူရန်တက်ရောက်ခဲ့ရာ တံခါးသော့ ခတ်ထားသည် ကိုေ တွ့ရပြီး သော့ဖျက်ရန်ပစ္စည်းကိရိယာများမပါရှိသဖြင့် နေအိမ်သို့ပြန်ကာ စက်ဘီးသံထောက် ၁ ခုအားယူဆောင်လာပြီး လမ်းဘေးဆိုင်မှ ၀က်အူလှည့် ၁ ချောင်းအားဝယ်ယူကာ အခင်းဖြစ် တိုက်ခန်းသို့တက်ရောက်၍ သော့အားကန့်လန့် ကာ အတွင်းရှိ ငွေနှင့် ရွှေထည်ပစ္စည်း၊ လက်ကိုင်ဖုန်းတို့အား ခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့ပါ
သည်။

၎င်းပြင် ဧပြီလ ၂၃ ရက်နေ့ကလည်း နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် အဆိုပါတိုက်ခန်းသို့ ခိုးယူရန်သွားရောက်စဉ် အသက် ၅၀ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးနှင့်တွေ့ရှိသဖြင့် ယခင်က သိကျွမ်းသူဆိုင်ဝန်ထမ်း၏ အမည်အားမေးရာ မရှိကြောင်းပြောပြသဖြင့် ၎င်းတို့မှ ရေအိမ်အသုံးပြုပြီး ပြန်ထွက်လာစဉ် SAMSUNG အမျိုးအစားလက်ကိုင်ဖုန်း ၁ လုံးအား ခိုးယူခဲ့ကြောင်း၊ ထို့ပြင် ခန့်စည်သူ(ခ)စည်သူသည် ဧပြီလအတွင်းက ကျောက်တံတားမြို့နယ်၊ (၃၉)လမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ TCL အမျိုးအစား Flat TV ၁ လုံးအားခိုးယူပြီး နေအိမ်တွင်သိမ်းဆည်းထား ကြောင်း ထပ်မံပေါ်ပေါက်ခဲ့ပါသည်။



ပေါ်ပေါက်ချက်များအရ အမှုမှပါဆုံးသွားသော သက်သေခံ ရွှေထည်ပစ္စည်း များနှင့် ခိုးယူရရှိသည့်ငွေများဖြင့် ၀ယ်ယူ ထားသော ကင်မရာ ၁ လုံးနှင့် အ၀တ်အစားတို့အား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ လသာမြို့မရဲစခန်း နှင့် ကျောက် တံတားမြို့မရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့်ကာ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yongon Police


5/14/2017

ကျေးဇူးတင်ဂုဏ်ယူပါသည်


ဒီနေ့သမ္မတရုပ်ရှင်ရုံမှာ နေ့ခင်း၃:၃၀ပွဲ ခေါက်ထီးလေးမလုံ့တလုံရုပ်ရှင်သွားကြည့်ရင်း ပိုက်ဆံအိပ်ကျန်ခဲ့ပါတယ် ။




အိမ်ရောက်မှသတိရလို့သမ္မတရုပ်ရှင်ရုံကိုဖုံးဆက်တော့ တာဝန်မှုး ကိုနန္ဒစိုးလင်းက သန့်ရှင်းရေးအလုပ်သမားလေး မှေ ကာက်ရလို့မန်နေဂျာထံလာရောက်အပ်နှံထားကြောင်းသိရပါတယ်။

အိမ်ကနေသမ္မတရုံပြန်သွားပြီး မန်နေဂျာ ကိုသက်လှိုင်စိုးနဲ့တွေ့တော့ ပိုက်ဆံအိပ်ထဲမှာပါသမျှအားလုံး စာရင်းစာအုပ်ထဲ မှာစာရင်းလုပ်ပြီးသိမ်းထားတာတွေ့ရပါတယ်။



ကောက်ရလို့အပ်နှံသူမောင်သက်လင်းအောင်အား သူ့ရဲ့စာရိတ္တကိုယ်ကျင့်တရားအတွက် ဂုဏ်ပြုငွေ ၁၀၀၀၀၀ (တစ် သိန်း) ကျပ်ပေးအပ်ခဲ့ပါတယ် ။

ခုလိုမျိုးကိုယ့်နိုင်ငံမှာတော်တော်များများတာဝန်သိစွာရိုးသားကြမယ်ဆို ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုး ဟာတန် ဖ်ုးမြင့်သည်ထက်မြင့်မားလာမှာအမှန်ပါ သန့်ရှင်းရေးဝန်ထမ်း မောင်သက်လင်းအောင်အားေ ကာမန့်များရေး သားကြပြီး ဝိုင်းဝန်းဂုဏ်ပြုပေးကြပါရန် ။

Crd-Shan Tun