ကမ္ဘာကျော်တင်ပါးကို ပါတီပွဲမှာ စည်းချက်ကျကျ လှုပ်ခါကပြတဲ့ ဂျနီဖာ လိုပက်စ်

ဲ့ ဂျနီဖာလိုပက်စ်

ပါတီပွဲမှာ  စည်းချက်ကျကျ လှုပ်ခါကပြတဲ့ ဂျနီဖာ လိုပက်စ် လွတ်လွတ်လပ်လပ်ခုန်ပေါက်ပြနေခဲ့တာ ဖြစ်ပါတယ်။
အဆိုတော် ဂျနီဖာ လိုပက်ဇ်ဟာ ဖျော်ဖြေပွဲတွေနေဲ့ တေးသီချင်းဗီဒီယိုတွေထဲမှာသာ သူ့ရဲ့နာမည်ကျော်တင်ပါးတွေကို လှုပ်ခါပြီး ဖျော်ဖြေတတ်သူမဟုတ်ဘဲ သာမန်ပါတီပွဲတွေမှလည်း ဒီလိုလုပ်တတ်သူ ဖြစ်နေပါတယ်။

အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ဂျနီလိုပက်ဇ်က မိုင်ယာမီမှာ ကျင်းပခဲ့တဲ့ ပါတီပွဲတစ်ခုမှာ လက်တင်ဂီတနောက်ခံ သီချင်းနဲ့အတူ သူမ ကပြနေပုံကို သူငယ်ချင်းမိတ်ဆွေတစ်ဦးက ဗီဒီယိုရိုက်ကူးခဲ့ပေမဲ့ သူမကတော့ သိခဲ့ပုံ မရပါဘူး။ သီချင်းသံနဲ့ လိုက်ဖက်ညီစွာ ဖျော်ဖြေပွဲတွေမှာလိုပဲ လွတ်လွတ်လပ်လပ် ခုန်ပေါက်နေခဲ့တာဖြစ်ပါတယ်။



ဗီဒီယိုဖိုင်မြင်ကွင်းအရ အဖြူရောင်ကျပ်ကျပ် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားတဲ့သူမဟာ ဒီဘက်ကို လှည့်လာချိန်မှာ ဗီဒီယိုရိုက်နေတာကို သတိထားမိသွားပါတယ်။ သူ့ရဲ့မိတ်ဆွေကို ရပ်ပစ်လိုက်ဖို့ ပြောလိုက်ပြီနောက်မှာ ဗီဒီယိုဟာ အဆုံးသတ်သွားတာ ဖြစ်ပါတယ်။ ပါတီကပွဲကို မသွားခင် အချိန်ပိုင်းလေအလိုမှာပဲဂျနီဖာလိုပက်ဇ်ဟာ သန့်စင်ခန်းထဲမှာ ဆယ်လ်ဖီဓာတ်ပုံရိုက်ပြီး အင်စတာဂရမ်ပေါ် တင်ခဲ့ပါသေးတယ်။

Source : Daily Mail

Credit:Duwun


Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.