Breaking News

အိမ်ထောင်ပြုဖို့ စနောက်ခံရလို့ ရှက်သွားတဲ့ မင်းသားဟယ်ရီ

play

Antigua and Barbuda နိုင်ငံမှာ ပြုလုပ်တဲ့ Colours of Chairty ပွဲကို မင်းသားဟယ်ရီက တက်ရောက်ခဲ့တာဖြစ်ပြီး သူ မရောက်ခင်ကတည်းက ရည်းစားသစ်အကြောင်းကို မမေးမြန်းဖို့ ပွဲစီစဉ်သူတွေက လူငယ်တွေကို ပြောထားပါတယ်။
play

ဒါပေမဲ့ အထူးဧည့်သည် ၃၀၀ ကျော်ရှေ့မှာ ဝန်ကြီးချုပ် ဂက်စတွန်ဘရောင်းရဲ့ စကားကြောင့် ဗြိတိန် တော်ဝင်မင်းသား မျက်နှာနီမြန်းသွားခဲ့ရပါတယ်။
"မကြာခင်မှာ မင်းသမီးသစ်ကို တွေ့ရဖို့ ကျွန်တော်တို့တွေ မျှော်လင့်ထားကြတယ်။ ခင်ဗျားရဲ့ဟန်းနီးမွန်းကျရင် ဒီကိုလာဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်ဆိုတာ သိစေချင်ပါတယ်" လို့ ဝန်ကြီးချုပ်က လူအုပ်ကြီးကို ပြောခဲ့ပါတယ်။
play

မင်းသား ဟယ်ရီကတော့ မျက်လုံးချင်းမဆုံမိအောင် သူ့ရဲ့ရှပ်အင်္ကျီကို ကိုင်နေခဲ့ပါတယ်။
play

မင်းသား ဟယ်ရီဟာ နိုင်ငံရဲ့အလှမယ် ၆ ဦးနဲ့ တွေ့ဆုံရမှာဖြစ်တဲ့အတွက် မစ္စတာဘရောင်းက "ဒီမှာလုပ်သမျှက ဒီမှာပဲ ကျန်ခဲ့မှာပါ။ အဲဒီတော့ ဘာမှမစိုးရိမ်နဲ့" လို့ ထပ်ပြီးတော့ ပြောခဲ့ပြန်ပါသေးတယ်။
play

အရမ်းကို ရှက်ရွံ့သွားခဲ့တဲ့ ဟယ်ရီဟာ အလှမယ်တွေနဲ့ ဓာတ်ပုံအတူ မရိုက်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။
Source & Photos : the Sun   Credit :duwun