Breaking News

သင့် ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာ ၁၀ မျိုး

ကမ္ဘာပေါ်က များပြားလှတဲ့ အစားအစာမျိုးစုံထဲမှ ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်တဲ့ အစားအစာ ၁၀ မျိုးကို ဖော်ပြထားပါတယ်။
play

လူတွေ နေ့စဉ် စားနေကြတဲ့ အစားအစာမျိုးစုံ ရှိပါတယ်။ ကမ္ဘာပေါ်က များပြားလှတဲ့ အစားအစာမျိုးစုံထဲမှ ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်တဲ့ အစားအစာ ၁၀ မျိုးကို ဖော်ပြထားပါတယ်။

သံပရိုသီး

သံပရိုသီး တစ်လုံးမှာ ပါဝင်တဲ့ Vitamin C က လူတစ်ယောက် တစ်နေ့တာ လိုအပ်မှုရဲ့ ၁၀၀ ရာခိုင်နှုန်းကျော်အထိ ဖြစ်ပါတယ်။
play

ဗီတာမင်စီက ကိုယ်ခန္ဓာအတွက် ကောင်းမွန်တဲ့ ကိုလက်စထရော ပမာဏ မြင့်တက်စေပြီး အရိုးအဆစ် သန်မာစေပါတယ်။ သံပရိုသီးမှာ ပါဝင်တဲ့ Citrus ဓာတ်က ကင်ဆာဆဲလ်တွေ တိုးပွားပျံ့နှံမှုကို ဟန့်တားနိုင်ပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။

ပန်းဂေါ်ဖီစိမ်း

အရွယ်အစား အလယ်အလတ်ရှိ ပန်းဂေါ်ဖီစိမ်း တစ်ခုမှာ ပါဝင်တဲ့ Vitamin K က လူတစ်ဦး တစ်နေ့တာ လိုအပ်မှုရဲ့ ၁၀၀ ရာခိုင်နှုန်းကျော် ဖြစ်ပါတယ်။ ဒါ့အပြင် Vitamin C လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။
play

Vitamin K နဲ့ Vitamin C က အရိုးအဆစ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေပဲ ဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းဟာ ကင်ဆာရောဂါ အတော်များများကိုလည်း ကာကွယ်နိုင်ပါတယ်။

အညိုရင့်ရောင် ချောကလက်

တစ်နေ့ကို အညိုရင့်ရောင် ချောကလက် တစ်အောင်စရဲ့ လေးပုံတစ်ပုံ စားခြင်းဖြင့် သွေးပေါင်ချိန် မြင့်တက်မှုကို လျော့ကျစေပါတယ်။ တစ်နည်းအားဖြင့် ကျန်းမာရေး ကောင်းမွန်စေပါတယ်။
play

ကိုယ်ခန္ဓာအတွက် မကောင်းတဲ့ ကိုလက်စရောကို လျော့နည်းစေပြီး အကျိုးပြုတဲ့ ကိုလက်စထရော ပမာဏကို မြင့်တက်စေပါတယ်။ အညိုရင့်ရောင် ချောကလက်မှာ anti-oxidant ကြွယ်ဝစွာ ပါဝင်တာကြောင့် အိုးမင်း ရင့်ရော်မှုကို နှေးကွေးစေပြီး နုပျိုစေပါတယ်။

အာလူးများ

အနီရောင် အာလူးတစ်လုံးမှာ ဆဲလ် တည်ဆောက်ရာမှာ လိုအပ်တဲ့ Folic acid ၆၆ မိုက်ခရိုဂရမ် ပါဝင်ပါတယ်။
play

အာလူးတစ်မျိုးဖြစ်တဲ့ ကန်စွန်းဥတစ်လုံးမှာ ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ Vitamin A ပါဝင်မှုက လူတစ်ဦး တစ်နေ့တာ လိုအပ်ချက်ထက် ၈ ဆနီးပါး ပါဝင်ပါတယ်။

ဆော်လမွန်ငါး

ဆော်လမွန်ငါးမှာ ပါဝင်တဲ့ Omega-3 fatty acid က စိတ်ဖိစီးမှု၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါ ဖြစ်ပွားမှုတွေကို လျော့နည်းစေပါတယ်။
play

ဆော်မွန်ငါး ၃ အောင်စမှာ ပါဝင်တဲ့ Vitamin B3 ပမာဏက အယ်လ်ဇိုင်းမား ရောဂါနဲ့ မှတ်ဥာဏ် ပျောက်ဆုံးမှုတွေကို ကာကွယ်နိုင်ဖို့အတွက် လူတစ်ဦး နေ့စဉ် လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းနီးပါး ဖြစ်ပါတယ်။

သစ်ကြားသီး

သစ်ကြားသီးမှာ Omega-3 fatty acid ပါဝင်ပြီး ကိုယ်ခန္ဓာအတွက် အကျိုးမပြုတဲ့ ကိုလက်စထရော ပမာဏကို လျော့ကျစေပါတယ်။
play

Omega-3 က စိတ်ကို လန်းဆန်းစေပြီး ကင်ဆာရောဂါကို တိုက်ဖျက်နိုင်ပါတယ်။ ဒါ့အပြင် နေလောင်ဒဏ်ကိုလည်း ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

ထောပတ်သီး

ကျန်းမာရေးအတွက် အာဟာရဓာတ်တွေ ပြည့်ဝစွာ သစ်သီးဖြစ်ပါတယ်။
play

ထောပတ်သီး တစ်လုံးမှာ လူတစ်ဦး တစ်နေ့တာအတွက် လိုအပ်တဲ့ အမျှင်ဓာတ် ပမာဏရဲ့ ၅၀ ရာခိုင်နှုန်းနဲ့ Folic acid ပမာဏရဲ့ ၄၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အမျှင်ဓာတ်နဲ့ Folic acid က နှလုံးရောဂါ ဖြစ်ပွားမှု လျော့နည်းစေပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ရောဂါတိုက်ဖျက်ရေး အစွမ်းထက် အစားအစာ ဖြစ်ပါတယ်။ ကြက်သွန်ဖြူက E. coli အပါအဝင် ကိုယ်ခန္ဓာအတွက် အကျိုးမပြုတဲ့ ဘက်တီးရီးယား တိုးပွားမှုကို ဟန့်တားနိုင်ပါတယ်။
play

ကြက်သွန်ဖြူမှာ ပါဝင်တဲ့ Allicin ဓာတ်က ရောင်ရမ်းမှုကို သက်သာစေပြီး  ကိုလက်စထရော ပမာဏနဲ့ သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်။

ဟင်းနုနွယ်

ဟင်းနုနွယ်မှာ ပါဝင်တဲ့ Lutein နဲ့ Zeaxanthin ဓာတ်တွေက မျက်လုံးကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။
play

နောက်ဆုံး တွေ့ရှိထားတဲ့ သုတေသနအရ ဟင်းနုနွယ်ဟာ ကင်ဆာရောဂါ တိုက်ဖျက်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ ထိရောက်မှု အရှိဆုံး ဟင်းရွက်တစ်မျိုး ဖြစ်ပါတယ်။

ပဲအမျိုးမျိုး

တစ်ပတ်ကို ပဲအမျိုးမျိုး လေးကြိမ် စားခြင်းက နှလုံးရောဂါ ဖြစ်ပွားမှုကို ၂၂ ရာခိုင်နှုန်း လျော့နည်းစေပါတယ်။
play

ဒါ့အပြင် ရင်သားကင်ဆာ ဖြစ်ပွားမှုကိုလည်း လျော့နည်းစေပါတယ်။
Source: Daily Mail
Photo: AddAPinch, Food.NDTV, PopSugar, Daily Mail, Wikipedia, Living Traditionally