ပရိသတ်တစ်ယောက်နဲ့ ချိန်းတွေ့ချင်တဲ့ ရှောင်းမက်ဒက်စ်

ကနေဒီယန်အဆိုတော်လေး ရှောင်းမန်းဒက်စ်ဟာ ယခုနှစ် အမေရိကန်ဂီတဆုပေးပွဲကြီးမှာ ပထမဆုံးအကြိမ် ဖျော်ဖြေခွင့်ရခဲ့ပါတယ်။ ဖျော်ဖြေမှုအပြီး အင်တာဗျူးမှာတော့ သူ့ရဲ့အချစ်ရေးနဲ့ဆိုင်တဲ့အရာတွေကို ထုတ်ပြောသွားပါတယ်။
play

၁၈ နှစ်အရွယ် ရှောင်းက သူ့ရဲ့အနုပညာကို အားပေးတဲ့သူကိုလည်း ချစ်သူရည်းစားထားဖို့အတွက် စဉ်းစားထားပါသတဲ့။ ပရိသတ်တွေထဲက ကောင်မလေးတစ်ယောက်ကိုများ ချစ်သူတော်မလားလို့ မေးတဲ့မေးခွန်းအပေါ် " ဒါပေါ့။ အဲလိုမျိုး (ပရိသတ်နဲ့ချစ်သူဖြစ်တာမျိုး) စည်းမျဉ်းတွေ မရှိဘူးထင်ပါတယ်။ ရှိလို့လား" ဆိုပြီးတော့တောင် မေးခွန်းပြန်ထုတ်လိုက်ပါသေးတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်အဆိုတော်ပီပီ ဒီအဖြေကြောင့် ရှောင်းရဲ့ပရိသတ်တွေကတော့ ဘဝင်ခိုက်သွားမှာ အသေအချာပါပဲ။
Source : E! Credit :duwun



Share on Google Plus

About Myanmar Magazine