အိန္ဒိယတွင် ရူပီးငွေတစ်ချို့ ဖျက်သိမ်း၍ ဒုက္ခဖြစ်နေစဉ် ဝန်ကြီးဟောင်းတစ်ဦး သမီးမင်္ဂလာဆောင်ကို ဘီလီယံများစွာ အကုန်ခံကျင်းပ၍ ပြည်သူများ စိတ်ဆိုးဒေါသထွက်



 အိန္ဒိယနိုင်ငံအတွင်း ရူပီးငွေအချို့ ဖျက်သိမ်းကာ အသစ်လဲလှယ်ရေး သန်းပေါင်းများစွာသော ပြည်သူများ ငွေရေးကြေးရေး ဒုက္ခဖြစ်နေစဉ်   ပြည်နယ် ဝန်ကြီးဟောင်းတစ်ဦး၏ သမီးက မင်္ဂလာဆောင်ကို ပိုက်ဆံမြောက်မြားစွာ အကုန်ခံကျင်းပရာ ပြည်သူများ စိတ်ဆိုးဒေါသထွက်ကြရသည်။

ပြည်နယ်ဝန်ကြီးဟောင်း ဂျန်နာဒါနာ၏ သမီးဖြစ်သူ ဘရာမန်နီနှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ မင်္ဂလာဆောင်ကို ငါးရက်တိုင် ကျင်းပခဲ့ပြီး ခန့်မှန်းကုန်ကျငွေက ရူပီး ငါးဘီလီယံ (အမေရိကန်ဒေါ်လာ ၇၄ သန်း) ကုန်ကျမည်ဖြစ်ကြောင်း ခန့်မှန်းရသည်။

သို့သော် ရွှေပြားဖိတ်စာနှင့် ဘောလီးဝုဒ်ရုပ်ရှင်ကြယ်ပွင့်များကို ဖျော်ဖြေစေခြင်းတို့က အဓိက ဝေဖန်စရာ ဖြစ်ခဲ့သည်။

ဝေဖန်သူများက ထိုမင်္ဂဆောင်ကို တင်စီးလွန်းသည့် ချမ်းသာမှုကို ကြွားဝါခြင်းအဖြစ် ပြောဆိုသည်။

အဆိုပါ မင်္ဂလာဆောင်သည် အိန္ဒိယအစိုးရက ရူပီး ၅၀၀ တန်နှင့် တစ်ထောင်တန်များကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာပြီး ရက်ပိုင်းအတွင်း ကျင်းပခြင်းလည်းဖြစ်သည်။

အစိုးရက ငွေမည်းတိုက်ဖျက်ရေးအတွက် ထိုသို့ ဖျက်သိမ်းခြင်းဖြစ်ရာ နေ့စဉ်သုံးသည့် ယင်းငွေစက္ကူ သန်းပေါင်းများစွာက အသုံးပြု၍ မရဘဲ ဖြစ်နေရာ အသစ်ပြန်လည် လဲလှယ်ရာတွင် ပြည်သူများစွာ ဒုက္ခကြုံနေရသည်။

ထိုဖျက်သိမ်းလိုက်သည့် ငွေများကို အသစ်နှင့် လဲလှယ်ရန်အတွက် ဘဏ်များတွင် နေ့စဉ်နှင့်အမျှ လူများ တန်းစီကာ တိုးဝှေ့နေရခြင်းလည်း ဖြစ်သည်။


Credit :mizzimaburmese


Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.