အသက်မပြည့်သေးတဲ့ မက်ဒေါနားရဲ့သား ဆေးခြောက်တွေနဲ့အတူ အဖမ်းခံခဲ့ရ

play

မက်ဒေါနားရဲ့သား အသက် ၁၆ နှစ်အရွယ် ရော့ကိုရစ်ချီကို အိမ်နီးချင်းတစ်ဦးရဲ့တိုင်ကြားချက်ကြောင့် ရဲက စစ်ဆေးရာမှ ကျောပိုးအိတ်ထဲမှာ ဆေးခြောက်တွေ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
အသက်မပြည့်သေးတဲ့ ရော့ကိုဟာ ဆေးလိပ် သို့မဟုတ် မူးယစ်ဆေး သုံးနေတာကို အိမ်နီးချင်းတွေက မြင်ပြီး တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
play

ရဲတွေ ရောက်လာချိန်မှာ ရော့ကိုဟာ သူငယ်ချင်းတစ်ဦးနဲ့အတူ နံရံကို မှီပြီး ထိုင်နေတာကို မြင်တွေ့လိုက်ရပါတယ်။ ရဲတွေ အနားကပ်သွားတော့ ရော့ကိုဟာ တစ်စုံတစ်ခုကို အဝေးကို လွှင့်ပစ်လိုက်တာ မြင်တွေ့လိုက်ရပါတယ်။ သူ့ရဲ့ကျောပိုးအိတ်ကို ဖွင့်ကြည့်ချိန်မှာတော့ ဆေးခြောက်အနည်းငယ်ကို မြင်တွေ့လိုက်ရတာပါပဲ။
play

"ရော့ကိုက ပတ်ဝန်းကျင်မှာ နာမည်ကြီးတယ်။ ကောင်းတဲ့နာမည်ကြီးခြင်းတော့ မဟုတ်ဘူး။ သူ့ပုံစံက အမြဲသံသယဖြစ်စရာဖြစ်နေတယ်။ သူ့ရဲ့အမူအရာတွေကို ဘယ်လိုမှ သည်းမခံနိုင်တဲ့အဆုံး အိမ်နီးချင်းတွေက ရဲကို ခေါ်လိုက်တာပါပဲ" လို့ သတင်းပေးတစ်ဦးက ပြောခဲ့ပါတယ်။
ယင်းဖြစ်ရပ်မှာ လွန်ခဲ့တဲ့ နှစ်လကတည်းက ဖြစ်ခဲ့ပေမဲ့ ယခုမှ သတင်းပေါက်ကြားလာခြင်း ဖြစ်သည်။
play

ရော့ကိုကို  “Triage” လူငယ်တရားစီရင်ရေးစီမံချက်အောက်ရှိ  Camden Borough ၏ လူငယ်ပြစ်မှုအဖွဲ့က စက်တင်ဘာလ ၂၈ ရက်တွင် အရေးယူခဲ့ကြောင်း သိရသည်။ ယင်းအဖွဲ့က ပထမအကြိမ် ပြစ်မှုသေး ကျူးလွန်တဲ့ လူငယ်များကို ပုံမှန်အားဖြင့် ဆွေးနွေးပွဲများ တက်ခိုင်းလေ့ရှိပါတယ်။
Source & Photos : the Sun   
Credit :duwun


Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.