Breaking News

၂၀၁၇ မှာ ကမ္ဘာပတ်ပြီး သီချင်းဆိုမယ့် ဘရူနိုမားစ်

အယ်လ်ဘမ်သစ် ထွက်ရှိခြင်း အနေနဲ့ ၂၀၁၇ ခုနှစ်မှာ ဥရောပနဲ့မြောက်အမေရိကရှိ နိုင်ငံတွေဆီသွားရောက်ပြီး ဖျော်ဖြေရေးခရီးစဉ် ပြုလုပ်မယ့်အကြောင်း ဘရူနိုမားစ်က လူမှုကွန်ရက်တွေကတစ်ဆင့် ကြေညာလိုက်ပါတယ်။ အယ်လ်ဘမ်သစ် 24K Magic ကိုတော့ နိုဝင်ဘာ ၁၈ ရက်မှာမှ စတင်ဖြန့်ချိမှာဖြစ်ပါတယ်။
play

ဖျော်ဖြေရေးခရီးစဉ်ကို ၂၀၁၇ ခုနှစ် မတ်လ ၂၈ ရက်မှာ ဘယ်လ်ဂျီယံနိုင်ငံမှာစတင်မှာဖြစ်ပြီး နောက်ဆုံးပွဲကိုတော့ နိုဝင်ဘာ ၁၁ ရက်၊ လော့စ်အန်ဂျလိစ်မြို့မှာ အဆုံးသတ်မယ့်အကြောင်း ကြေညာထားပါတယ်။
Source : Billboard