တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေတဲ့ ယုဇန

play

ဂီတလောကနဲ့ အဆက်အသွယ် ပြတ်နေတဲ့ အဆိုတော် ယုဇနကတော့ တစ်ကိုယ်တော်အခွေထွက်ဦးမယ်လို့ သိရပါတယ်။ အွန်လိုင်းရှော့ပ် တစ်ခု ဖွင့်ထားရင်း ဂီတအလုပ်တွေကို ပြန်လုပ်တော့မှာ ဖြစ်ပါတယ်။
play

၂၀၁၇ခုနှစ်ထဲမှာ Immortal 2017 group ကထွက်မယ့် အခွေထဲမှာ တေးရေးညီမင်းခိုင်ရေးပေးထားတဲ့ သီချင်းတစ်ပုဒ် ပါဝင်သီဆိုပေးထားတယ်လို့ သိရပါတယ်။ သူမရဲ့ တစ်ကိုယ်တော် မီနီအယ်လ်ဘမ်ကိုလည်း ၂၀၁၇ ခုနှစ်အတွင်းမှာ ထွက်ရှိနိုင်အောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။
play

တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေပြီး အချိန်ကြာနေတာကြောင့် သီချင်းတွေအားလုံးကိုလည်း ဒီဘက်ခေတ်နဲ့ ကိုက်ညီအောင် ပြန်လုပ်နေတာကြောင့် အချိန်နည်းနည်း ကြာသွားကြောင်း သူမကပြောပြပါတယ်။ သူမရဲ့ မီနီအယ်လ်ဘမ် ထဲမှာ သီချင်း (၆)ပုဒ်လောက် ပါဝင်မယ်လို့ သိရပါတယ်။
Source : Kumudra Nwes   Credit :duwun


Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.