Breaking News

ကျန်းမာပျော်ရွှင်နေသူတွေရဲ့ စနစ်တကျ အိပ်စက်နည်း

play

ကျန်းမာတဲ့ဘဝကို ရဖို့အတွက် ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါတယ်။ အိပ်စက်ခြင်းမှာ စနစ်တကျ ရှိဖို့ လိုပါတယ်။ ဘဝမှာ အောင်မြင်ပျော်ရွှင်နေသူတွေဟာ နည်းလမ်းမှန်မှန် အိပ်စက်တက်ကြသူတွေ ဖြစ်ပါတယ်။
နည်းစနစ်တကျ အိပ်စက်နည်း (၇) မျိုးရှိပါတယ်။
၁။ ရေချိုးခြင်း
play

မအိပ်ခင် ရေချိုးပေးဖို့ လိုပါတယ်။ ရေချိုးလိုက်ခြင်းဟာ ညဘက်ပူအချိန်နဲ့ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးပါတယ်။
၂။ တရားထိုင်ခြင်း
ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်နိုင်မှာဖြစ်ပါတယ်။
၃။ စာချရေးခြင်း
play

စိတ်ညစ်တာတွေ၊ လုပ်စရာတွေရှိတာတွေကို စာချရေးလိုက်ရင်းလည်း စိတ်ထဲပေါ့ပါးသွားပြီး ကောင်းကောင်း အိပ်စက်နိုင်ပါတယ်။
၎။ ရေသောက်ခြင်း
မအိပ်ခင်ရေတဝ သောက်ပေးဖို့ လိုပါတယ်။ အရက်သို့မဟုတ် ဝိုင်သောက်ပြီးအိပ်ရင် ရေဆာပြီး ညဘက်ပြန်နိုးလာတက်ပါတယ်။
၅။ သွားတိုက်ခြင်း
မအိပ်ခင် သွားတိုက်ခြင်းက ညဘက်ကောင်းကောင်းအိပ်စက်နိုင်ဖို့ကို ပိုပြီး အကူအညီပေးတယ်လို့ အမေရိကန် သွားဆရာဝန်အသင်းက ထောက်ခံပေးထားပါတယ်။
၆။ အီလက်ထရွန်နစ်ပစ္စည်းများ မသုံးခြင်း
play

စမတ်ဖုန်း၊ တီဗီနဲ့ တက်ဘလက်တွေကို မအိပ်ခင်မှာ မသုံးသင့်ပါဘူး။ အဲဒီမျက်နှာပြင်တွေကထွက်တဲ့ အပြာရောင် အလင်းတန်းတွေဟာ အိပ်စက်ခြင်းကို အနှောက်အယှက်ပေးပါတယ်။
၇။ သင့်တော်တဲ့ အစားအသောက်တွေ စားခြင်း
အိပ်ယာမဝင်ခင် အစားစားတာမကောင်းဘူးဆိုတဲ့ ယုံတမ်းစကားတွေကို မေ့ပစ်လိုက်ပါ။ သင့်တော်တာကို စားခြင်းကို ပိုလို့တောင် ကောင်းပါသေးတယ်။ ကီဝီသီးလို အသီးအနှံတွေ စားလို့ရပါတယ်။
Source : Huffington
Photos : www.getyourfittogether.org, theconversation.com