Breaking News

မိနစ်ပိုင်းအတွင်း စည်သွပ်ဗူးကို ဇွန်းတစ်ချောင်းအသုံးပြုပြီး ဘယ်လိုဖွင့်မလဲ



အိမ်မှာ စည်သွပ်ဗူးဖောက်တံ ရှာမတွေ့လို့ စည်သွပ်ဗူးဖောက်ဖို့ ခက်နေတဲ့အချိန်မျိုးတွေ ရှိဖူးပါလိမ့်မယ်။ ဖောက်တံ ဘယ်နားထားမိမှန်းမသိလို့ ခေါင်းခြောက်ရတဲ့ အချိန်တွေမှာပေါ့။ ဒီပြသနာကို ဖြေရှင်းဖို့အတွက်  Dave Haxဆိုသူက YouTube မှာ ဗီဒီယိုဖိုင်လေးတစ်ခု တင်ပေးထားပါတယ်။ သူကတော့ ရှင်းပါတယ်။ ဘာဖောက်တံမှမသုံးပဲ စည်သွပ်ဗူးကို ဇွန်းတစ်ချာင်းတည်းနဲ့ ဖောက်ပြသွားတာပါ။

အချိန်ကလည်း မိနစ်ပိုင်းလေးအတွင်းမှာပါပဲ။ ဒီလိုပြောရင် အံ့သြစရာကောင်းပြီး ဖြစ်နိုင်ပါ့မလားလို့ ထင်ချင်စရာရှိပါတယ်။ တစ်နေရာတည်းကို ဇွန်းနဲ့ ထိထိမိမိ ဖိပြီး ဖောက်လိုက်ရုံပါပဲ။ ကဲ ပြောရင်ယုံချင်မှ ယုံလိမ့်မယ်။ အောက်က ဗီဒီယိုလေးကို ကြည့်လိုက်ရင် ပိုရှင်းသွားပါလိမ့်မယ်နော်။

Credit :Trend Myanmar