သတ်မှတ်ပမာဏအတိုင်း ယမကာ ပုံမှန်မှီဝဲသူများ လေဖြတ်နိုင်ခြေ နည်းပါး



တစ်နေ့ကို ဝိုင်တစ်ခွက်သောက်ရင် အဖြစ်များတဲ့ လေဖြတ်ရောဂါ ပုံစံတစ်မျိုး ဖြစ်နိုင်ခြေကို ၁၀ ရာခိုင်နှုန်း လျှော့ချပေးတယ်လို့ သုတေသီတွေက ဆိုပါတယ်။

နေ့တိုင်း ဝိုင်နီ ခွက်သေးတစ်ခွက် ဒါမှမဟုတ် ကြိုက်နှစ်သက်ရာ အဖျော်ယမကာ ၁ ဒသမ ၅ ယူနစ် (alcohol စစ်စစ်ကိုသာ တိုင်းတာသည့် စံနှုန်းဖြစ်ခြင်းကြောင့် ယမကာအမျိုးအစားအလိုက်
ပြင်းအားအပေါ် မူတည်၍ ပမာဏပြောင်းလဲသည်) သောက်ပါက
သွေးခဲကို ဖြစ်ပေါ်စေတဲ့ ပရိုတိန်းဓာတ် ပမာဏကို လျှော့ချပေးပြီး ischaemic stroke လေဖြတ်ရောဂါကို ကာကွယ်ပေးတယ်လို့ သုတေသီတွေက ယုံကြည်နေပါတယ်။

ischaemic stroke ရောဂါဟာ သွေးခဲလို့ ဦးနှောက်ထဲမှာ
အောက်ဆီဂျင်နဲ့ သွေးစီးဆင်းမှု ပြတ်တောက်တဲ့အတွက် ဖြစ်ပွားရတာပါ။ ဒီရောဂါ ခံစားရသူတွေဟာ လမ်းလျှောက်ဖို့နဲ့ စကားပြောဖို့
ပြန်လည်သင်ကြားရပါတယ်။

ကမ်းဘရစ်ခ်ျနဲ့ ဆွီဒင်တက္ကသိုလ်က သုတေသီတွေရဲ့ လေ့လာမှုအရ ယမကာ အလွန်သောက်သူတွေဟာ လေဖြတ်နိုင်ခြေ များသော်လည်း သတ်မှတ်ပမာဏအတိုင်း ပုံမှန်မှီဝဲသူတွေဟာ လေဖြတ်နိုင်ခြေနည်းပါးတယ်လို့ သိရပါတယ်။

#​မောင်​ယဉ်​(ပစ်​တိုင်း​ထောင်​)
 Credit : Pyit Tine Htaung



Share on Google Plus

About Myanmar Magazine