Breaking News

ဂျက်စတင်ဘီဘာ ပရိသတ်တစ်ဦးကို လက်သီးနဲ့ထိုးပြီးထားခဲ့

ကနေဒီယန်အဆိုတော် ဂျက်စတင်ဘီဘာဟာ ဘာစီလိုနာမြို့က ရှိုးပွဲကို သီချင်းဆိုဖို့အလာမှာ ပရိသတ်တစ်ဦးရဲ့မျက်နှာကို ဆွဲထိုးခဲ့ပါတယ်။ ဂျေဘီရဲ့လက်စာမိသွားတဲ့ အမျိုးသားပရိသတ်မှာလည်း နှုတ်ခမ်းပေါက်သွားခဲ့ပါတယ်။
play

ဗီဒီယိုမှတ်တမ်းအရတော့ ကားထဲကို ပြတင်းပေါက်ကနေ အတင်းခေါင်းထိုးဝင်လာတဲ့ ပရိသတ်ကို ဂျေဘီက စိတ်ဆိုးပြီး ဆွဲထိုးလိုက်တာ တွေ့ရပါတယ်။ အပျော်လွန်နေတဲ့ ပရိသတ်က ဂျေဘီကိုထိတွေ့နှုတ်ဆက်ချင်ပုံပါပဲ။ ဒါပေမဲ့ ဂျေဘီရဲ့ လက်သီးစာပဲ မိသွားပါတယ်။ ဂျေဘီရဲ့ကားကတော့ ဆက်လက်ထွက်သွားချိန်မှာ သူက သွေးသံရဲရဲနဲ့သာ ကျန်ခဲ့ရပါတယ်။
Source : TMZ