မိန်းကလေးတွေ ဆက်စီကျတယ်လို့ ထင်တဲ့ ယောင်္ကျားလေးတွေရဲ့ အပြုအမူများ



ကိုယ်လုပ်ဆောင်လိုက်တဲ့ ဘာမဟုတ်တဲ့ အပြုအမူလေးတွေက တစ်ဖက်လူကိုယ့်ကို ဆက်စီကျတယ် လို့ မြင်သွားစေနိုင်တာတွေ ရှိနေပါတယ်။ အထူးသဖြင့် ယောင်္ကျားလေးအများစုက မိန်းကလေးတွေရဲ့ ဘယ်လိုပုံစံမျိုးတွေကို ဆက်စီကျတယ်ဆိုပြီး သတ်မှတ်ကြတာတွေ အားလုံးအကြမ်းဖျင်းသိထားကြပေမယ့် မိန်းကလေးတွေ က ယောင်္ကျားလေးတွေရဲ့ ဘယ်လိုအနေအထိုင်၊ ပြောဆိုပြုမူပုံတွေကို ဆက်စီကျတယ်လို့ ထင်တတ်ကြသလဲ ဆိုတာကိုတော့ လူသိနည်းမယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ ယောင်္ကျားလေးတွေ မထင်မှတ်ပဲ လုပ်ဆောင်လိုက်တဲ့ အရာတွေဟာ မိန်းကလေးတွေအတွက် သဘောကျစရာ ဆွဲဆောင်မှုရှိတဲ့ အပြုအမူတွေ ဖြစ်နေတတ်ပါတယ်။ ဘာတွေလဲ ကြည့်ကြရအောင်။

၁။ ပို့စ်မပေးလိုက်ရပဲ လျက်တပြတ် ဓာတ်ပုံရိုက်ခံလိုက်ရချိန်၊ ဓာတ်ပုံရိုက်နေမှန်းမသိပဲ သူတို့လုပ်စရာရှိတာကို အာရုံစိုက်နေချိန်။

၂။ မကတတ် ကတတ်နဲ့ ပေါက်တတ်ကရတွေ ကနေတဲ့အချိန်။

၃။ သူတို့ရဲ့ ရှပ်အကျီရဲ့ အပေါ်ကြယ်သီးနှစ်လုံးလောက်ကို ဖြုတ်ထားချိန်။

၎။ အိပ်ယာနိုးနိုးချင်း ဆံပင်တွေ ရှုပ်ပွနေချိန်။

၅။ သူ့ဘာသာသူ တစ်ယောက်တည်း စကားတွေပြောနေပြီး ဘေးကိုကြည့်တော့ သူစကားပြောတာကို ဘယ်သူမှ နားမထောင်တဲ့အချိန်။

၆။ သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန် ကြောင်၊ ခွေးလေးတွေကို ချစ်စနိုး စနောက်နေတဲ့အချိန်။

၇။ လမ်းမှာတွေ့တဲ့ အသိတွေကို ပြုံးပြီး နှုတ်ဆက်နေချိန်။

၈။ ကလေးလေးတွေနဲ့သူတို့ဆော့နေချိန်။

၉။ ကြောင်တွေကို ဖက်ပွေ့ထားချိန်။

၁၀။ သင့်အတွက် တစ်ခုခု ချက်ပြုတ်ပေးနေချိန်။

၁၁။ ကိုယ်ဝင်ဖို့အတွက် တံခါးကို အလိုက်တသိ ဖွင့်ပေးထားချိန်။

၁၂။ တစ်ခုခု လုပ်စရာရှိတာ၊ အိမ်မှာ ပြင်စရာရှိတာတွေကို ကိုယ့်ကိုဘာမှ မေးမနေပဲ ကူညီပြင်ပေး၊ လုပ်ပေးနေချိန်။

၁၃။ မနက်စောစော အိပ်ချင်မူးတူးအသံနဲ့ ကိုယ့်ကို ဖုန်းဆက်ချိန်။

၁၄။ ဘယ်သူ့ကိုမှ အာရုံမထားပဲ သူ့အတွေးနဲ့သူ နံရံတစ်ခုခုကို မှီုပြီးထိုင်နေချိန်။

၁၅။ တစ်ယောက်တည်း တစ်ခုခုကိုသဘောကျပြီး ရယ်မောနေချိန်
                   

Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine