လမ်းခွဲပြီးနောက် မမေ့နိုင်လို့ နာကျင်ခံစားနေရသလား


အမြန်ဆုံးမေ့ပျောက်နိုင်မယ့် နည်းလမ်းတွေရှိပါတယ်...

*အကောင်းဘက်က တွေးကြည့်ပါ....
မမေ့နိုင်ဘူးဆိုပြီး တွေးနေမယ့်အစား
ဘယ်လိုမေ့ဖျောက်ဖို့ကြိုးစားရမလဲဆိုတာကို
အတွေးပြောင်းကြည့်ပါ။

*နောင်တမရပါနဲ့...
မိမိရဲ့ခံစားချက်ကို သူ့ကိုပြောခွင့်မရလိုက်တာ၊
မပြောထွက်ခဲ့တာတွေကိုတွေးပြီးနောင်တရမနေပါနဲ့တော့။

*မျှော်တော်ယောင်မလုပ်ပါနဲ့။
ပြန်လည်သင့်မြတ်ဖို့ အမျိုးမျိုးကြိုးစားနေတာတွေ ရပ်လိုက်ပါတော့။

*ခံစားချက်တွေကိုချရေးလိုက်ပါ....
ရေးထားတဲ့စာကို သူ့ဆီပို့မယ့်အစား
အကုန်မေ့ဖျောက်လိုက်တဲ့သဘောအဖြစ် မီးရှို့လိုက်ပါ။ 

*စိတ်ဝင်စားတဲ့အရာတစ်ခုခုကို ပြုလုပ်ရင်း စိတ်ပြောင်းကြည့်ပါ..
ပန်းချီဆွဲခြင်း၊သီချင်းနားထောင်ခြင်းတွေပြုလုပ်ပြီး သူငယ်ချင်းတွေနဲ့ပျော်ပျော်နေလိုက်ပါ။

Credit:shweinnlay


Share on Google Plus

About Myanmar Magazine