Breaking News

စင်ကာပူ ယူနီဗာဆယ်စတူဒီယိုရဲ့ အခန်းတွင်း မီးရောင်စုံထွန်းညှိမှု ဂင်းနစ်စံချိန်တင်

play

စင်ကာပူနိုင်ငံ Resorts World Sentosa (RWS) ရှိ ယူနီဗာဆယ် စတူဒီယိုမှာ အခန်းတွင်း ခရစ္စမတ်မီးရောင်စုံ အလှဆင်ထွန်းညှိမှုကို ရောင်စုံမီးလုံးပေါင်း ၈၂၄,၉၆၁ လုံးဖြင့် ထွန်းညှိပြသခဲ့ပါတယ်။
play

စင်ကာပူ ယူနီဗာဆယ် စတူဒီယိုရဲ့ အခန်းတွင်း ခရစ္စမတ်မီးရောင်စုံ ထွန်းညှိမှုဟာ ကမ္ဘာ့အကြီးမားဆုံး အခန်းတွင်း မီးရောင်စုံထွန်းညှိမှုအဖြစ် ဂင်းနစ်စံချိန်တင်မှတ်တမ်းကို ယနေ့ (နိုဝင်ဘာ ၁၇ ရက်) ညပိုင်းမှာ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
play

ယူနီဗာဆယ် စတူဒီယိုရဲ့ အခန်းတွင်း မီးရောင်စုံများ အလှဆင်ထွန်းညှိမှုကို ၂ လကြာ အချိန်ယူ ပြုလုပ်ခဲ့ရတာဖြစ်ပြီး ယူနီဗာဆယ်ခရီးလို့ အမည်ပေးထားပါတယ်။
play

ယခု မီးရောင်စုံ ထွန်းညှိထားမှုဟာ စင်ကာပူ RWS အပန်းဖြေစခန်းမှာ လာမယ့် ဒီဇင်ဘာ ၁ ရက်မှ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂ ရက်အထိ ကျင်းပပြုလုပ်သွားမယ့် နှစ်သစ်ကူးကာလ Santa's All-Star ခရစ္စမတ်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ RWS မှာ နှစ်သစ်ကူးကာလအတွင်း မီးရှူးမီးပန်းများ၊ ဆီးနှင်းကျဆင်းမှုနဲ့ ဂီတဖျော်ဖြေပွဲတွေကိုလည်း စီစဉ်ထားကြောင်း သိရပါတယ်။
Source & Photo: CNACredit :duwun