Breaking News

ကိုယ့်ကိုယ်ကိုယ် စကားများတယ်လို့ထင်ရင် လုပ်သင့်တဲ့အချက် (၃) ချက်

play

၁ - ပုဂ္ဂိုလ်ရေးရှောင်ပါ
 လူတွေနဲ့စကားပြောတဲ့အခါ ငါက၊ ကျွန်တော်က ၊ ကျွန်မကလို့အစပြုတဲ့ ကိုယ်ကြုံခဲ့ရတဲ့အဖြစ်အပျက်မျိုးတွေ ပြန်ပြောတာကို ရှောင်ပါ။ လိုအပ်မှပဲပြောပါ။ ကိုယ့်အတွေ့အကြုံတွေဆိုတာ တခြားလူအတွက်တော့ ပျင်းစရာကောင်းပါတယ်။
ဖြေရှင်းနည်း - ပြောမယ်ဆိုရင်လည်း သင်ပြောတဲ့အကြောင်းမှာ ရယ်စရာထည့်ပါ။ ကိုယ့်အကြောင်းပြောမယ့်အစား သူများအကြောင်းပြောတာက သူတို့အတွက် စိတ်ဝင်စားဖို့ကောင်းပါတယ်။
play

၂ - မေးခွန်းမေးပါ
သင့်အကြောင်းပြောမိတယ်ဆိုရင်လည်း နားထောင်တယ့်လူအတွက် ဝင်ပြောလို့ရအောင် မေးခွန်းတွေချန်ခဲ့ပါ။ ဒီလိုမှမဟုတ်ရင် ပျင်းစရာသက်သက်ကြီး ဖြစ်နေပါလိမ့်မယ်။
ဖြေရှင်းနည်း - သူတို့ရဲ့ အထင်အမြင်တွေပေးလို့ရအောင် အဆုံးမှာ လမ်းဖွင့်ပေးတဲ့ စကားမျိုးချန်ခဲ့ပါ။
play

၃ - အကြံညဏ်ယူ
တစ်ချို့လူတွေက ကိုယ့်ကိုယ်ကိုယ်စကားများတယ်လို့ မထင်တတ်ပါဘူး။ သူတို့ပြောတဲ့စကားတွေဟာ လူတွေစိတ်ဝင်စားနေတယ်လို့ထင်တတ်ပါတယ်။
ဖြေရှင်းနည်း - အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ကို သင်က စကားများတယ်လို့ထင်လားလို့ ရိုးရိုးသားသားမေးပါ။ သူ့ဘက်က ရိုးရိုးသားသားဖြေတာကို လိုချင်ကြောင်းလည်းပြောထားပါ။
Photos & Source: wiki How