Breaking News

မီးပွိုင့်အသစ်တွေ ပြောင်းလဲတပ်ဆင်ပြီးရင် ယာဉ်သွားလမ်းကြောင်းတွေလည်း ပြောင်းမယ်

play

ရန်ကုန်မြို့ရဲ့ ယာဉ်ကြောကျပ်တည်းတာကို ဖြေရှင်းဆောင်ရွက်ဖို့အတွက် မီးပွိုင့်တွေပြောင်းလဲတပ်ဆင်တာနဲ့အတူ ယာဉ်သွားလမ်းတွေကိုပါ ပြောင်းလဲဆောင်ရွက်သွားမယ်လို့ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးကနေ သိရပါတယ်။
‘‘Control Centre နဲ့ မီးပွိုင့်စနစ်တွေ အသုံးပြုတဲ့အခါမှာ ညီမျှတဲ့ ယာဉ်လမ်းကြောင်းတွေရှိဖို့ လိုအပ်တယ်၊ အဲဒီအတွက်လည်း ဆေးရေးအမှတ်အသားတွေကို အသစ် ပြန်လည်ရေးဆွဲနေတယ်၊ ဒါကြောင့် ခေတ်မီ မီးပွိုင့်စနစ်တွေနဲ့ဆက်စပ်တဲ့ ယာဉ်လမ်းကြောတွေ အကုန်လုံးကို ပြောင်းလဲဆောင်ရွက်သွားမှာပါ’’လို့ အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
play

မြို့တွင်းက ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းဆောင်ရွက်ဖို့ ဆင်ဆာမီးပွိုင့်တွေပြောင်းလဲ တပ်ဆင်တာနဲ့အတူ ယာဉ်လမ်းကြောတွေကို ပြန်လည်ပြောင်းလဲဆောင်ရွက်တာတွေနဲ့ လမ်းမတွေပေါ်က ဆေးရေးအမှတ်အသားတွေကို အသစ်ပြန်လည်ရေးဆွဲသွားမယ်လို့ သိရပါတယ်။
လောလောဆယ်မှာတော့ ရန်ကုန်မြို့ထဲက မီးပွိုင့်ပေါင်း ၁၅၄ ပွိုင့်ကို ခေတ်မီမီးပွိုင့်တွေအဖြစ် ပြောင်းလဲတပ်ဆင်နေပြီး လက်ရှိမှာ မီးပွိုင့်ပေါင်း ကိုးဆယ်ကျော်ကို တပ်ဆင်ပြီးဖြစ်ကာ ယင်းမီးပွိုင့်စနစ် တပ်ဆင်တာတွေနဲ့ Control Centre တည်ဆောက်တာတွေကို နိုဝင်ဘာလကုန်မှာ အပြီးသတ်ဆောင်ရွက်ဖို့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
Source : Automobile
Photos : 7DayDaily,Mizzima