အမေ့အသက်ကို ကယ်ခဲ့တဲ့ (၄) နှစ်သမီးလေး


တစ်နေ့မှာ အမေရိကန်နိုင်ငံက (အရေးပေါ်) ရဲဌာန ကို ဖုန်း တစ်ခု ဝင်လာပါတယ်။ " ဘာ ကူညီရမလဲ " လို့ ဖုန်းအော်ပရေတာ က မေးတဲ့ အခါ ကလေးမလေး တစ်ယောက်ရဲ့ အသံလေးနဲ့ သူ့မေမေ စကားပြန်မပြောနိုင်တဲ့အကြောင်းကို ပြောပြတယ်။ ရုတ်တရက် လဲကျနေရင်း မလှုပ်မယှက်ဖြစ်နေကြောင်း၊ အသက်တော့ ရှုနေကြောင်းကို အော်ပရေတာနဲ့ အမေးအဖြေလုပ်ရင်း အော်ပရေတာက သိလိုက်ရတယ်။ ကလေးက ဖုန်းကို သူ့အမေဆီ တစ်ချက် ထိုးပေးလိုက်တဲ့ အခါမှာ အမေက အသံယဲ့ယဲ့နဲ့ အလာ့ဂျစ်ကြောင့် မသက်မသာ ဖြစ်နေတဲ့အကြောင်း၊ ဆေးရုံကား လွှတ်ပေးစေချင်တဲ့ အကြောင်းတွေကို ပြောပြတယ်။ ဖုန်းအော်ပရေတာက ကလေးလေးကို " သမီးအမေကို စကားပြောပြီး အားပေးထားနော်။ ဦးလေးတို့ လာခဲ့မယ်" ဆိုပြီး ပြန်ပြောပါတယ်။ တောက်လျှောက် စကားတွေ ပြောနေရင်း တံခါးကို ဖွင့်ထားဖို့ ၊ လူနာတင်ကားနဲ့ အကူအညီတွေ ရောက်လာတဲ့ အခါ " ဒီမှာ " ဆိုတဲ့ အကြောင်း လက်လှမ်းပြဖို့ အော်ပရေတာက ကလေးမလေးကို ပြောပါတယ်။ နောက်ဆုံးမှာ အကူအညီတွေ ရောက်လာခဲ့ပါတယ်။

ဒီလိုနဲ့ ဆူဇီလို့ ခေါ်တဲ့ အသက်(၄)နှစ်အရွယ်ကလေးမလေးဟာ သူ့အမေကို အသက်အန္တရာယ်ကနေ ကာကွယ်ပေးလိုက်နိုင်ပါတယ်။ ကောင်မလေးရဲ့ အမေဖြစ်သူ "ရိုဝမ်နာ" ဟာလည်း ဆရာဝန် (GP) တစ်ဦး ဖြစ်တဲ့အတွက် ကလေးမလေးက ဆေးပညာ အခေါ်အဝေါ်တွေနဲ့ ရင်းနှီးနေတာကြောင့် အမေ့ရဲ့ အနေအထားကို အော်ပရေတာကို လှမ်းပြောရာမှာ အဆင်ပြေပြေ ပြောနိုင်ခဲ့တာပါတဲ့။ ဘယ်လောက်များ ကံကောင်းလိုက်သလဲနော်။

အခုဆိုရင် (၄)နှစ်သမီးလေး ဆူဇီဟာ နော်သမ်ဘရီယာ ရဲဌာနက ပေးတဲ့ " သတ္တိထူးချွန်ဆု " ကို ရရှိထားပြီ ဖြစ်ပါတယ်။

Ref: Channel (4) News

ကျော်သန့်(ရိုးရာလေး)
Credit : yoyarlay


Share on Google Plus

About Myanmar Magazine Onilne