သတင်းကြေညာပြီးနောက် ရေမြွှာပေါက်ကာ ကလေးမွေးခဲ့သည့် အမျိုးသမီး

play

ဘီဘီစီရုပ်သံ သတင်းဌာနရဲ့ သတင်းကြေညာသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ သတင်းအစီအစဉ်ကြေညာပြီးနောက် ရေမြွှာပေါက်ကာ ကလေးမွေးဖွားခဲ့ကြောင်း သိရပါတယ်။
play

ဗစ်တိုးရီးယားဖရစ္စလို့ခေါ်တဲ့ အဆိုပါ သတင်းတင်ဆက်သူဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ မနက်ပိုင်းက BBC Breakfast အစီအစဉ်မှာ စီးပွားရေး သတင်းတွေသုံးသပ် တင်ပြနေခဲ့တာဖြစ်ပါတယ်။ သတင်းကြေညာပြီး မိနစ်ပိုင်းအတွင်းမှာပဲ သူမရဲ့ ကိုယ်ဝန်ဟာ ရေမြွှာပေါက်သွားခဲ့ပြီး ဆေးရုံကို အပြေးသွားခဲ့ရပါတယ်။ သူမရဲ့ ကိုယ်ဝန်ဟာ မွေးဖွားမယ်လို့ ခန့်မှန်းထားတဲ့ ရက်ထက် သုံးပတ်လောက်စောပြီးမွေးလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
သူမ ဆေးရုံကို ရောက်သွားချိန်မှာ သူမရဲ့အမျိုးသားကို အလုပ်ဖော်မိတ်ဆွေက ဆက်သွယ်ပေးခဲ့ပေမဲ့ ကားတွေပိတ်လို့ အချိန်မီ ရောက်မလာနိုင်ခဲ့ပါဘူး။ အဲဒါကြောင့် သူမရဲ့အမျိုးသားကိုယ်စား လုပ်ဖော်ကိုင်ဖက်သတင်းတင်ဆက်သူ ဆယ်လီနုဂျန့်ကပဲ မွေးဖွားပြီးတဲ့ အချိန်ထိ စောင့်ပေးခဲ့ရပါတယ်။
play

သားယောက်ျားလေးကို ကျန်းကျန်းမာမာ မွေးဖွားခဲ့ပြီးနောက်မှာတော့ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်ကြောင်း ဖရစ္စက ပြောကြားခဲ့ပါတယ်။ ကလေးမမွေးဖွားခင် နာရီပိုင်းအလိုထိ သတင်းကြေညာသွားတဲ့ တင်ဆက်သူအဖြစ် သူမရဲ့အကြောင်းဟာရေပန်းစားလာခဲ့ပါတယ်။
Source : Daily Mail

Share on Google Plus

About Myanmar Magazine Onilne