Breaking News

ယူကရိန်းပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဆက်စီဓာတ်ပုံများ ထွက်လာသဖြင့် ဝေဖန်ခံရ

play

ယူကရိန်းပြည်ထဲရေး လက်ထောက်ဝန်ကြီးရဲ့ ဆက်စီဓာတ်ပုံတွေ အွန်လိုင်းမှာ ပျံနှံ့လာပြီးနောက် ဝေဖန်မှုတွေထွက်လာတဲ့အပေါ် နိုင်ငံရေးသမားတွေက ဝိုင်းဝန်းကာကွယ်လိုက်ကြောင်း သိရပါတယ်။
play

ယူကရိန်းမှာ အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ အန်နက်စ်တာရှားဒီဗာကို လက်ထောက်ဝန်ကြီး ရာထူးပေးခဲ့ပြီးတဲ့နောက် ဒီအရှုပ်တော်ပုံ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ဝတ်လစ်စလစ်ဓာတ်ပုံအချို့ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပြီး ရင်သားကို ဖော်ပြထားတဲ့ပုံတွေ၊ ဘီကီနီနဲ့ ဓာတ်ပုံတွေ ပါဝင်လာခဲ့ပါတယ်။
play

သူမရဲ့ မိတ်ဆွေသူငယ်ချင်းတွေအဆိုအရ ဒီဗာဟာ ဖက်ရှင်ကို စွဲလန်းနှစ်သက်သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ သူမရဲ့အရာရှိ ဝန်ကြီးတွေကတော့ ဒီဗာကို ဒီရာထူးခန့်အပ်ထားခြင်းအပေါ် သူမဟာ နိုင်ငံရေးအတွေ့အကြုံပြည့်ဝသူလို့ ဆိုပြီး ဓာတ်ပုံတွေဟာ ပြုပြင်လုပ်ကြံဖန်တီးထားတာလို့လည်း ပြောခဲ့ပါတယ်။
play

အချို့ကတော့ သူမဟာ ကိုယ်ရေးရာဇဝင်ကို လုပ်ကြံဖန်တီးခဲ့တာလို့ စွပ်စွဲထားကြပါတယ်။ နိုင်ငံရေးအတွေ့အကြံ ၁၀ နှစ်လို့ ရေးသားထားမှုအရ လက်ရှိအသက်အရွယ်နဲ့ဆိုရင် ၁၄ နှစ်လောက်ကတည်းက နိုင်ငံရေးလုပ်နေပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။ သူမရဲ့ အရာရှိဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးချုပ်ရဲ့ အကြံပေးဖြစ်သူ မစ္စတာ ဂီရက်ရှ်ချန်ကိုကတော့ စွပ်စွဲချက်တွေအားလုံး ပယ်ချထားပါတယ်။
play

သူမဟာ သမ္မတဟောင်းယာနူကိုဗစ်ခ်ျရဲ့အကြံပေးဖြစ်ခဲ့ဖူးသူ ကိုဇာရာထံမှာလည်း လက်ထောက်လုပ်ခဲ့ဖူးပါတယ်။
Source : Mirror  Credit :duwun