ရိုးရိုးရှင်းရှင်းလေး မင်္ဂလာဆောင်ချင်တဲ့ အဒဲလ်

play

အသက် ၂၈ နှစ်အရွယ် ကမ္ဘာကျော်အဆိုတော် အဒဲလ်ဟာ သူမနဲ့ သူမရဲ့သားလေးရဲ့ ဖခင် ဆိုင်မာန်ကွန်နက်ကီတို့ မင်္ဂလာဆောင်တဲ့အခါ ရိုးရိုးလေးပဲ ဖြစ်ချင်တယ်လို့ ပြောခဲ့ပါတယ်။
"အဒဲလ်က သူ့မင်္ဂလာဆောင်ကို ခမ်းခမ်းနားနားနဲ့ လူတွေအထင်ကြီးအောင် လုပ်ပြရတာမျိုး မလိုချင်ဘူး။ သူတို့ဟာ အကြင်လင်မယားတွေဖြစ်သွားပြီဆိုတာကိုသာ အဓိကထားတယ်။ ပွဲသေးသေးလေး လုပ်မယ်။ ပြီးရင် မီးရှူးမီးပန်းဖောက်မယ်လို့ပဲ စိတ်ကူးထားတယ်" လို့ သူမနဲ့ ရင်းနှီးသူတစ်ဦးက ပြောပြပါတယ်။
play
"သူက နှမြောတာမဟုတ်ပါဘူး။ လာရောက်တဲ့သူအားလုံးကို သူက ကျွေးမွေးပြုစုမှာပါ။ ကိန်းကြီးခန်းကြီးနိုင်တဲ့ပုံစံသာ မဖြစ်ချင်တာ" လို့ ထိုသူက ပြောပြခဲ့ပါတယ်။
ဒါပေမဲ့ သူမဟာ သူငယ်ချင်းတွေနဲ့ သူမရဲ့ မိသားစု တက်ရောက်နိုင်ဖို့ မွေးရပ်မြေ ယူကေမှာလည်း ပွဲလုပ်ချင်တယ်လို့ သိရပါတယ်။
Source & Photos : RO   Credit :duwun

Share on Google Plus

About Myanmar Magazine