Breaking News

ငရုတ်သီး အပူအစပ် စားသင့်တဲ့ အကြောင်းများ


အစားအစာ စားတဲ့အခါ အပူအစပ်လေးနဲ့မှ ပိုပြီး စားလို့မြိန်ကြတယ်လို့ ဆိုလေ့ရှိပါတယ်။ တစ်ကယ်တမ်းမှာ ငရုတ်သီး၊ ငရုတ်ချဉ် အပူအစပ်က ခံတွင်း မြိန်စေတာထက်ပိုမိုတဲ့ ကျန်းမာရေးအတွက် အကျိုးပြုအချက်တွေ ရှိနေပါတယ်။

play

ကယ်လိုရီ ပါဝင်မှု

ငရုတ်ချဉ် လက်ဖက်ရည်တစ်ဇွန်းမှာ ကယ်လိုရီ ၆ ပမာဏ ပါဝင်ပါတယ်။
play

ဇီဝဖြစ်စဉ်

ငရုတ်သီး ဒါမှမဟုတ် ငရုတ်ချဉ်က ဗီတာမင် C နဲ့ Capsaicin ကို မြင့်တက်စေပြီး ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကို အားကောင်းစေပါတယ်။

play

အရွယ်တင်နုပျိုမှု

သုတေသနတစ်ခုအရ ငရုတ်သီး ငရုတ်ချဉ် ပုံမှန် စားလေ့ရှိသူတွေဟာ မစားတဲ့သူတွေထက် အသက်ပိုရှည်ပြီး နုပျိုကြတယ်လို့ သိရပါတယ်။

play

အစာစားမှု ပုံစံကောင်း

ငရုတ်သီး အပူအစပ်ပါတဲ့ အစားအစာတွေ စားတဲ့အခါ အနည်းငယ် ပိုပြီး ဖြေးဖြေးစားဖို့ လိုပါတယ်။ အစားအစာ စားတဲ့အခါ ဖြေးဖြေးချင်းစားတာက ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ အစားအစာ မြန်မြန်စားတတ်သူကို ငရုတ်သီး ငရုတ်ချဉ်ကြောင့် ဖြေးဖြေးချင်း စားတတ်စေပါတယ်။
play

ဗီတာမင် ပြည့်ဝမှု

ငရုတ်သီး ငရုတ်ချဉ် အပူအစပ်မှာ ဗီတာမင် C ပြည့်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင် C က ကိုယ်ခံအားကောင်းစေပြီး ဒဏ်ရာအနာတရ ဖြစ်တဲ့အခါလည်း အနာကျက် မြန်စေဖို့ အထောက်အကူ ပြုပါတယ်။ ဒါ့ပြင် ငရုတ်သီးမှာ ဗီတာမင် A၊ ဖောလစ်အက်ဆစ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်တို့လည်း ပါဝင်ပါတယ်။
Source & Photo: Good Food, Daily Mail