နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ဒီ (၃) ချက်ကိုရှောင်

play

ကျန်းမာပျော်ရွှင်တဲ့  ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ အတွက် ကောင်းမွန်စွာ အိပ်စက်ခြင်းကို ပိုင်ဆိုင်ထားဖို့ လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ခြင်း မတူတဲ့အတွက် ဘယ်နှစ်နာရီ အိပ်သင့်တယ်ဆိုတာ တစ်ယောက်ခြင်းအပေါ် မူတည်ပါတယ်။
ဒါပေမယ့် လူသားအားလုံး ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ပါ။ စိတ်ဖိစီးမှုကြောင့်ဖြစ်ဖြစ်၊ ကျန်းမာရေးကြောင့်ဖြစ်ဖြစ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်တာမျိုး ကြုံကြရပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်တယ်ဆိုရင်တော့ အောက်ပါ (၃) ချက်ကို ရှောင်ဖို့ လိုပါတယ်။
၁။ အိပ်ခန်းအပူချိန် များလွန်းခြင်း
play

အိပ်ခန်းအပူချိန် များလွန်းတာဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ အသင့်တော်ဆုံး အခန်းအပူချိန်ရအောင် ထိန်းညှိပြီး အိပ်ရင် အကောင်းဆုံးပါပဲ။
၂။ ညပိုင်းမှာ စကားများ ရန်ဖြစ်ခြင်း
play

ရန်ဖြစ်၊ စကားများရတာ ဘယ်သူမှတော့ မကြိုက်ပါဘူး။ ဒါပေမယ့် ကောင်းကောင်းအိပ်ပျော်ချင်တယ်ဆိုရင် ညနေပိုင်းကစလို့ အိပ်တဲ့အချိန်ထိ ချစ်သူရည်းစား၊ လင်မယာတွေအကြား ရန်မဖြစ်တာ အကောင်းဆုံးပါပဲ။ ညပိုင်းမှာ ရန်ဖြစ်လိုက်မယ်ဆိုရင် ဖိစီးမှုနဲ့ အိပ်စက်ရယုံသာမက မနက်နိုးလာရင်လည်း မကြည်မသာ ဖြစ်တက်ပါတယ်။
၃။ ဒစ်ဂျစ်တယ်ပစ္စည်းများ အသုံးများခြင်း
play

စမတ်ဖုန်း၊ တက်ဘလက်နဲ့ ရုပ်မြင်သံကြားစက်တွေရဲ့ မျက်နှာပြင်တွေဟာ အိပ်စက်ခြင်းရဲ့ ရန်သူဖြစ်ပါတယ်။ အဲဒီမျက်နှာပြင်ပေါ်က ထွက်လာတဲ့ အပြာရောင်အလင်းတန်းတွေဟာ အိပ်စက်ခြင်းကို ဖျက်စီးပစ်တက်ပါတယ်။ မအိပ်ခင် နှစ်နာရီ၊ သုံးနာရီလောက်ခြားပြီး စမတ်ဖုန်းတွေ၊ တက်ဘလက်တွေကြည့်တာကို ရှောင်ထားလိုက်ပါ။
Source & Photos : Life   Credit :duwun


Share on Google Plus

About Myanmar Magazine