Breaking News

ကမ္ဘာတစ်ဝန်းက ထူးခြားတဲ့ အိပ်စက်ပုံ (၅) မျိုး

play

၁ - ဂျပန်
အလုပ်မှာ တရေးတမောအိပ်တာကို ဂျပန်လို  inemuri လို့ခေါ်ပါတယ်။ အလုပ်ထဲမှာ အိပ်တာဟာ ဂျပန်တွေအတွက် သိပ်မဆန်းပါဘူး။ ဒါပေမဲ့ ဂျပန်လူမျိုးတွေဟာ ကမ္ဘာပေါ်မှာ အိပ်စက်မှုအနည်းဆုံး လူမျိုးတွေဖြစ်ပြီး ပျှမ်းမျှအားဖြင့် တစ်ညမှာ ၆ နာရီနဲ့ ၂၂ မိနစ်ပဲအိပ်ပါတယ်။
၂ - ဗြိတိန်
play

ဗြိတိန်လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ ကိုယ်တုံးလုံးချွတ် အိပ်ကြပါတယ်။
၃ - ၾသစေၾတးလ်
အိပ်တဲ့အခါမှာ အုပ်စုလိုက်အိပ်ကြတာဟာ သြစတြေးလျက ဌာနေတိုင်းရင်းသားတွေရဲ့ ဓလေ့ဖြစ်ပါတယ်။ ဒီလိုအိပ်စက်တာ ဟိုးအရင်တုန်းက အသက်ရွယ်ကြီးရင့်သူတွေနဲ့ ကလေးငယ်တွေကို ကာကွယ်ဖို့ဖြစ်ပါတယ်။ အားကောင်းတဲ့လူကြီးတွေက အစွန်မှာအိပ်ပြီး အားနည်းသူတွေကို အလယ်မှာထားပါတယ်။
၎ - မက္ကဆီကို
မက္ကဆီကိုနိုင်ငံ  Yucatán ကျွန်းစုက လူတွေဟာ ပုခက်နဲ့ပဲ အိပ်ပါတယ်။ ဒီလိုပုံမှန်အိပ်စက်ခြင်းဟာ ကျန်းမာရေးကို ဘယ်လိုသက်ရောက်နေလဲဆိုတာကိုတော့ မသိရသေးပါဘူး။
၅ - ဘော့စဝါနာ
ဘော့စဝါနာနိုင်ငံက Kung လူမျိုးတွေဟာ အိပ်ချိန်ကို မသတ်မှတ်ထားပါဘူး။ သူတို့အိပ်ချင်တယ်လို့ ခံစားရတဲ့အချိန်မှာ အိပ်ကြပါတယ်။ အိပ်စက်ခြင်းဆိုင်ရာ ကျွမ်းကျင်သူအချို့ကတော့ ဒီလိုမျိုး အိပ်စက်တာကို ထောက်ခံထားကြပါတယ်။
Photos & Source: Huffignton