တမလွန်က သင့်ကို ဆက်သွယ်ဖို့ ကြိုးစားနေတယ်ဆိုတာ ပြတဲ့ လက္ခဏာ (၇) ရပ်

play

တမလွန်ဘဝကနေ လူ့ဘဝကို ဆက်သွယ်ဖို့ဆိုတာ ဖုန်းခေါ်သလို လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဝိညာဉ်က သင့်ကို ဆက်သွယ်ချင်တဲ့အခါ အောက်ပါ အချက်တွေနဲ့ ဆက်သွယ်တတ်ပါတယ်။
၁။ အိပ်မက်
play

အိပ်ပျော်နေတဲ့အချိန်မှာ ဝိညာဉ်ဖြစ်သွားတဲ့ ကိုယ်ရဲ့ချစ်ခင်သူတစ်ယောက်က ကိုယ့်ကို ဆက်သွယ်ဖို့ ပိုလွယ်သွားတယ်လို့ ဆိုပါတယ်။ အိပ်မက်တိုင်းတော့ သူတို့ လာမလည်ပါဘူး။ အိပ်မက်ဟာ အရမ်းကို ရှင်းလင်း ပြတ်သားနေပြီး အိပ်ရာက နိုးပြီးတာတောင် အချိန်အတော်ကြာအထိ သတိတရရှိနေသေးရင် အိပ်မက်မဟုတ်ဘဲ တကယ်ဖြစ်ခဲ့တာလို့ သင်ကိုယ်တိုင် သတိထားမိပါလိမ့်မယ်။
၂။ ငှက်မွေး
play

ဆွေမျိုးရင်းချာထဲက တစ်ဦးဦးဆုံးပါးသွားတဲ့အခါ ဒါမှမဟုတ် ကွယ်လွန်သွားသူတစ်ဦးအကြောင်း စဉ်းစားတဲ့အခါမှာ အဖြူရောင် ငှက်မွေးလေးတွေကို လူတော်တော်များများ မြင်ဖူးကြပါတယ်။ အဓိပ္ပာယ်ကတော့ ကွယ်လွန်သွားသူဟာ တခြားဘဝတစ်ခုကို ကူးသွားပြီး စိုးရိမ်စရာမလိုတော့တဲ့အကြောင်းကို နတ်တွေက ပြသလိုက်တာပါတဲ့။
၃။ ဂီတ
play

ကွယ်လွန်သူတွေက ရေဒီယိုကနေ တစ်ဆင့်လည်း ဆက်သွယ်ဖို့ ကြိုးစားကြတယ်လို့ ဆိုပါတယ်။ သေဆုံးသွားသူတစ်ဦးအကြောင်း စဉ်းစားချိန်မှာ ရေဒီယိုထဲကနေ သူတို့က သီချင်းသံနဲ့ ပြန်ဆက်သွယ်တတ်ပါတယ်တဲ့။ အဲဒီလိုအချိန်မှာ သီချင်းသံက ဟိုးအဝေးကြီးက လာသလို ခံစားရတယ်လို့ ဆိုပါတယ်။ တချို့ကတော့ ဒါကို တိုက်ဆိုင်မှုတစ်ခုလို့ ဆိုပေမဲ့ တချို့ကတော့ တမလွန်ဘဝက ဆက်သွယ်ပြောဆိုမှုလို့ လိုရာဆွဲတွေးကြပါတယ်။
၎။ အနံ့
play

သေဆုံးသူ တစ်ယောက်ကို သတိရမိတဲ့အခါ သူတို့ သုံးနေကျ ရေမွေး၊ ဒါမှမဟုတ် စီးကရက်နံ့ကို ရတယ်ဆိုရင် ဒါဟာ သူတို့ သင့်အနားမှာ ရှိနေတဲ့ လက္ခဏာပါ။
၅။ ရပ်နေတဲ့ နာရီ
play

နာရီက လူတစ်ယောက်သေဆုံးတဲ့အချိန်မှာ ရပ်သွားတာ၊ ဒါမှမဟုတ် အစက ကောင်းကောင်း သွားနေတဲ့ နာရီက သင်ရောက်သွားမှ ရပ်သွားတာဆိုရင်တော့ သင့်အတွက် တစ်ခုခု အဓိပ္ပာယ် ရှိပါတယ်။
၆။ ဖုန်းတစ်ကြိမ်မြည်ခြင်း
play

အိမ်ဖုန်းတွေမှာ ဖြစ်တတ်ပါတယ်။ ဖုန်းက တစ်ကြိမ်တည်းမြည်ပြီး ရပ်သွားတာဆိုရင်တော့ သေဆုံးသွားသူတစ်ဦးက လျှပ်စစ်စွမ်းအင်ကို သုံးပြီး သင့်ကို ဆက်သွယ်ဖို့ ကြိုးစားတာ ဖြစ်နိုင်ပါတယ်။
၇။ ဓာတ်ပုံတွေထဲက အရိပ်တွေ
play

သင်နဲ့ အနီးစပ်ဆုံးသူတစ်ဦးကို ဆုံးရှုံးရပြီးတဲ့နောက် ဓာတ်ပုံတွေထဲမှာ အဖြူရောင်အလင်းလုံးလေး ပါနေတယ်ဆိုရင်တော့ သူတို့ သင့်ဆီကို လာလည်တဲ့ အဓိပ္ပာယ်ပါ။
Source & Photos : Life
Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.