Breaking News

အမေရိကန်တွင် သန္ဓေဖျက်ချရန်ဆေးလုံးများကို စာတိုက်မှတစ်ဆင့်ပေးပို့ စမ်းသပ်မည်။ နို (၁၄) ကျန်းမာရေး၊ သမန်းကျား၊ ရတနာပုံနေ့ စဉ်


အမေရိကန်ပြည်ထောင်စုတွင် အဝေးမှကိုယ်ဝန်ဖျက်ချခြင်း (Teleabortion) စနစ်ကို ကနဦးစမ်းသပ်သည့်အနေ ဖြင့် သန္ဓေဖျက်ချရန်ဆေးလုံးများကို စာတိုက်မှတစ်ဆင့်ပေးပို့ ကာ ဘေးအန္တရာယ်နှင့် ဘေးထွက်ဆိုးကျိုး ကင်းစင်မှု ရှိ၊မရှိ လေ့လာဆန်းစစ်သွားမည်ဖြစ်ကြောင်း နယူးယောက်တိုင်း သတင်းစာ၌ ဖော်ပြထားသည်။
ဖော်ပြပါ Teleabortion ကို အမေရိကန်ပြည်ထောင်စု၌ ဟာဝိုင်အီ၊ နယူးယောက်၊ အိုရီဂွန် နှင့် ၀ါရှင်တန်ပြည်နယ် တို့ တွင် စတင်စမ်းသပ်လျက်ရှိရာ ပါဝင်သူအမျိုးသမီးပေါင်း (၁၂) ဦး ရှိပြီဖြစ်ကြောင်း၊ ၄င်းတို့ အနက် (၁)ဦးက ဆေးကိုသောက်ခဲ့ခြင်းမရှိကြောင်း၊ ကျန် (၁၁) ဦးက သန္ဓေဖျက်ချဆေးကိုသောက်ခဲ့ကြောင်း၊ တစ်စုံတစ်ရာ ပြဿနာ မဖြစ်ပွားခဲ့ကြောင်း သိရသည်။

လတ်တလောအချိန်အထိတွင် အမေရိကန်ပြည်ထောင်စု၌ ကိုယ်ဝန်ဖျက်ချဆေးလုံးများကို လွတ်လပ်စွာဝယ်ယူခွင့် မရှိသေးကြောင်း၊ တရားဝင်လိုအပ်ချက်အရ ကိုယ်ဝန်ဖျက်ချပေးသောဆေးခန်းနှင့်ဆေးရုံများ၌သာ သက်ဆိုင်ရာ၏ ကြပ်မတ်မှုဖြင့် အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း၊ ယခုအခါ ကျန်းမာရေးနှင့်အခြားလိုအပ်ချက်များအရ သန္ဓေဖျက်ချရန် လိုအပ်နေသောအမျိုးသမီးများကို ဆရာဝန်နှင့် အွန်လိုင်းတွင်တွေ့ ဆုံကာ ဗီဒီယိုချက်တင်ဖြင့် ဆွေးနွေးတိုင်ပင် စေပြီး နောက် ၄င်းအမျိုးသမီးထံ ဆေးကို စာတိုက်မှပေးပို့ ခြင်းဖြစ်ကြောင်း၊ ဆေးသောက်ပြီးလျင်လည်း အဆိုပါ အမျိုးသမီးနှင့်ဆရာဝန်က ဗီဒီယိုချက်တင်ဖြင့်ပင် ဆေးသောက်ပြီးခံစားရသောကိစ္စနှင့် နေရထိုင်ရမည့်ပုံစံ အစရှိ သည်တို့ ကို ဆက်လက်ဆွေးနွေးတိုင်ပင်သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုတွင် သန္ဓေဖျက်ချခြင်းကိုဆောင်ရွက်ပေးနေသော ဆေးခန်းသည် ပြည်နယ် (၅)ခုတွင် သာရှိပြီး ၄င်းပြည်နယ်(၅)ခုတွင်လည်း တစ်ပြည်နယ်လျင် ဆေးခန်းတစ်ခန်းနှုန်းသာရှိကြောင်း၊ အချို့ ပြည်နယ် များတွင် ကာယကံရှင်က ဆရာဝန်နှင့်ဗီဒီယိုချက်တင်ပြုလုပ်ကာ ဆွေးနွေးတိုင်ပင်နိုင်သော်လည်း ဆေးကိုမူ ဆေး ခန်းသို့  လူကိုယ်တိုင်သွားကာ ယူရလေ့ရှိကြောင်း၊ ၄င်းဆေးနှစ်မျိုးမှာ mifepristone နှင့် misoprostol တို့  ဖြစ်ကြောင်း သိရသည်။

အမျိုးသမီးများအတွက် မီးဖွားတာက အသက်အန္တရာယ်ကိုဖြစ်စေမယ်၊ ဒါမှမဟုတ် မိခင်ကနေကလေးစီကို ကုလို့  မရနိုင်တဲ့ရောဂါ ကူးစက်စေမယ်၊ ဒါကြောင့် သက်ဆိုင်ရာက ကိုယ်ဝန်ဖျက်ချသင့်တယ်လို့  ထောက်ခံပေးတဲ့အခါ ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင်ဆောင်ရွက်ပေးနေပါတယ်။ ဒီဆောင်ရွက်မှု ပိုပြီး အဆင်ပြေချောမွေ့ လာအောင် အခုလို ဆေးကို စာတိုက်ကနေပို့ ပေးတဲ့စနစ်ကို စမ်းသပ်နေခြင်းဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ ပထမ (၁၀)ပတ်အတွင်းမှာပဲ ကိုယ်ဝန်ကိုဘေးကင်းစွာနဲ့ ဖျက်ချနိုင်မှာဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ရှင်းပြ သည်။