Breaking News

အပြာမင်းသမီးရဲ့ ဗီဒီယို လူမှုကွန်ယက်မှာ နာမည်ကြီးပြီးနောက် တရားရုံးက ထောင်ဒဏ်ချမှတ်

play

တရုတ်အမျိုးသမီးတစ်ဦးရဲ့ဟာ စီးပွားဖြစ်အပြာကားတွေ ရိုက်ကူးခဲ့ကြောင်း ရဲတပ်ဖွဲ့က စုံစမ်းနိုင်ခဲ့တဲ့အတွက် တရားရုံးက ထောင်ဒဏ် လေးနှစ်ကျခံစေဖို့ အမိန့်ချလိုက်ကြောင်း သိရပါတယ်။
မျိုးရိုးအမည် လင်းလို့သာ သိရတဲ့ အဆိုပါအမျိုးသမီးရဲ့ အပြာကားဇာတ်လမ်းတွေဟာ အင်တာနက်မှာ ဖြန့်ချိပြီးနောက် ပျံ့နှံ့သွားခဲ့ပြီး ရဲတပ်ဖွဲ့ သူမကို လိုက်လံရှာဖွေခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ဇာတ်လမ်းဟာ တရုတ်နိုင်ငံ ပြည်တွင်းလူမှုကွန်ယက်မှာပါ ပျံ့နှံ့လာခဲ့တာကြောင့် ရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လင်းလို့ အမည်ရတဲ့ အဆိုပါအမျိုးသမီးပါဝင်တဲ့ အဖွဲ့ဟာ  အွန်လိုင်းမှာ အပြာကားတွေ ဖြန့်ချိကာ စီပွားဖြစ်လုပ်ခဲ့တာဖြစ်ပြီး စုစုပေါင်း ကိုယ်ပိုင်အပြာကား ၃၁ ကားရိုက်ကူးပြီးခဲ့တယ်လို့ သိရပါတယ်။
play

ပြီးခဲ့တဲ့ မတ်လကစလို့ ဗီဒီယိုပျံ့နှံ့ပြီးနောက်ပိုင်း သူမဟာ ရဲတပ်ဖွဲ့ရဲ့ လိုက်လံရှာဖွေမှုကို ခံခဲ့ရကာ ဒူဘိုင်းခရီးစဉ်က အပြန်မေလထဲမှာ ဖမ်းမိသွားခဲ့တာဖြစ်ပါတယ်။ သူမဟာ ငွေကြေးကျောထောက်နောက်ခံမရှိပဲ ဆင်းရဲလွန်းတဲ့အတွက် ဒီအလုပ်ကိုလုပ်ဖို့  ဆုံးဖြတ်ခဲ့တာလို့ သိရပြီး မိဘတွေကလည်း ဝန်ထမ်းတွေလို့ ဆိုပါတယ်။ အပြာမင်းသမီး အလုပ်မတိုင်ခင်မှာ သူမဟာ အရောင်းဝန်ထမ်းတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပေမယ့် အဆင်မပြေလို့ အလုပ်ကထွက်ကာ ဒီလမ်းကြောင်းပေါ် ရောက်လာတာလို့ ထွက်ဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ အပြာကားထုတ်လုပ်ရိုက်ကူးတဲ့ စီးပွားရေးကို ၁၉၄၉ ခုနှစ်ကတည်းက တားမြစ်ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
Source : Shanhai
Credit :duwun