ပျော်ရွှင်မှုကို ဖျက်ဆီးမိတဲ့ အကြောင်းအရင်း (၃) ချက်

play

ပျော်ရွှင်မှုကို သူရဲကောင်းဆန်မှုနဲ့ရောယှက်ခြင်း
play

အခြားလူတွေကို တစ်စုံတစ်ခုလုပ်ပေးလိုက်တာဟာ ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဒါကို သူရဲကောင်းဆန်ဆန် ကိုယ်ကျိုးစွန့်တာ၊ စွန့်လွတ်အနစ်နာခံတာဆိုတဲ့ စိတ်တွေနဲ့မရောယှက်လိုက်ပါနဲ့။ ပေးလိုက်တာဟာ ပေးလိုက်တာပါ။ ဒီ့အတွက် ပျော်ရွင်မှုရပါတယ်။ ဒီမှာတင်ရပ်သင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ တစ်ဘက်က တုံ့ပြန်မှုက ကိုယ်ထင်သလောက်၊ ကိုယ်မျှော်သလောက်မဟုတ်ရင် စိတ်တွေရှုပ်ထွေးနောက်ကျိရပါတယ်။ တစ်ခါတစ်လေ စိတ်မကောင်းဖြစ်ရပါတယ်။
ပျော်ရွှင်မှုကို ငွေကြေး၊ရာထူးတွေနဲ့ ရောယှက်ခြင်း
play

ငွေကြေးတွေ၊ ရာထူးအဆင့်အတန်းတွေဆိုတာ မသိကျိုးကျွံပြုထားရမယ့် အရာတွေမဟုတ်ပါဘူး။ ရှာဖွေရာမှာပါ။ ဒါပေမဲ့ ပျော်ရွှင်မှုနဲ့ မရောယှက်ပါနဲ့။ ပျော်ရွှင်မှုကို ဖယ်ထားပြီး ဒါတွေရမှ ပျော်ရွှင်မယ်ဆိုရင်တော့ ဘယ်တော့မှ ပျော်ရမှာမဟုတ်တော့ပါဘူး။ ဘဝမှာ ရယူပျော်ရွှင်ရမယ့်အရာတွေဟာ ဒီနှစ်ခုအပြင်အများကြီးရှိပါသေးတယ်။
ပျော်ရွှင်မှုကို အောင်မြင်မှုနဲ့ရောယှက်ခြင်း
play

ပျော်ရွှင်မှုဆိုတာ တိုက်ပွဲဝင်ကြိုးစားမယ့်အရာ၊ တစ်စုံတစ်ခုကို အသည်းအသန်လုပ်ပြီးမှ ရမယ့်အရာလို့ ထင်မိနေတတ်ကြပါတယ်။ ဒီလိုအခြေခံစိတ်နဲ့ အရာရာကို ချည်းကပ်မိနေတတ်ပါတယ်။ ပျော်ရွှင်မှုဟာ လူသားအတွက်ထိုက်တန်တဲ့အရာပါ။ လူသားဆီမှာ ရှိပြီးသားအရာပါ။ ပြင်းပြင်းထန်ထန်ကြီးကြိုးစားရယူမှ ပျော်ရွှင်မှုရမှာမဟုတ်ပါဘူး။ ပျော်ရွှင်မှုဆိုတာ ကိုယ့်ရွေးချယ်မှုနဲ့ပဲ ဆိုင်ပါတယ်။
Photos & Source: Huffigntion  Credit :duwun
Share on Google Plus

About Myanmar Magazine