Breaking News

ပတ်စ်ပို့မေ့ကျန်ခဲ့သဖြင့် ပျက်ကျသွားသည့်လေယာဉ်တွင် မလိုက်ပါဖြစ်ဘဲ အသက်ရှင် ကျန်ခဲ့သူ

The-son-of-the-Chapecoense-Coach-did-not-travel-to-Colombia-because-he-forgot-his-passport

ပျက်ကျသွားတဲ့ လေယာဉ် ပေါ်မှာ လိုက်ပါဖို့ စီစဉ်ပြီးမှ မလိုက်ဖြစ်ခဲ့သောကြာင့် အသက်ရှင် ကျန်ခဲ့သူ
ပျက်ကျသွားတဲ့ ရှာပီကွမ်းစ်ဘောလုံးအသင်းလေယာဉ်ပေါ်မှာ လိုက်ပါဖို့ စီစဉ်ထားခဲ့ပေမဲ့ ပတ်စ်ပို့မေ့ကျန်သွားခဲ့တဲ့အတွက် အသက်ရှင်ကျန်ရစ်ခဲ့သူ တစ်ဦးရှိခဲ့ကြောင်းသိရပါတယ်။
အသင်းနည်းပြဖြစ်သူ ကိုင်ရိုဂျူနီယာရဲ့ သားဖြစ်သူ ဆာရိုလီဟာ ကံကောင်းထောက်မစွာနဲ့ အဆိုပါလေယာဉ်ကို စီးနင်းဖို့ လွဲချော်သွားခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူနည်းပြနဲ့အတူ ဗိုလ်လုပွဲကို လိုက်ပါဖို့ စီစဉ်ထားခဲ့ပေမဲ့ ဆာရိုလီဟာ လေယာဉ်ကွင်းအရောက်မှာ ပတ်စ်ပို့ မေ့ကျန်ခဲ့တဲ့အတွက် အဆိုပါလေယာဉ်နဲ့ လိုက်ပါခွင့် မရခဲ့တာဖြစ်ပါတယ်။
The-son-of-the-Chapecoense-Coach-did-not-travel-to-Colombia-because-he-forgot-his-passport
သူအပါအဝင် အသင်းနည်းပြ ဇနီးနဲ့ မိသားစုအားလုံးအတွက် မစိုးရိမ်ကြဖို့လည်း ဆာရိုလီက အဖေဖြစ်သူရဲ့ ဖြစ်ရပ်ဆိုး ကြုံရပြီးနောက် လူမှုကွန်ရက်မှာ ရေးသားခဲ့ပါသေးတယ်။ ” ကျွန်တော့်ညီ၊ ကျွန်တော့်အမေတို့အားလုံး ဘာမှမဖြစ်ကြပါဘူး။ ဒီဖြစ်ရပ်ဆိုးကြီးကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့ ကျွန်တော်လည်း ဆော်ပေါ်လိုမှာ ရှိနေခဲ့တာပါ။ နိုင်ငံကူးလက်မှတ်မေ့ကျန်နေခဲ့လို့သာ လေယာဉ်ပေါ် ပါမသွားတာပါ” လို့ ဆာရိုလီက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒဏ်ရာပြဿနာ၊ ပွဲပယ်ပြဿနာတွေကြောင့် အသင်းနဲ့ လိုက်ပါမသွားဖြစ်တဲ့ ကစားသမား ကိုးဦးရှိခဲ့ပါတယ်။
Source : Mirror
Credit:Duwun