Breaking News

အောင်မြင်လာတဲ့ ဆွီဒင်သူ အဆိုတော်

လူကြိုက်များ အောင်မြင်နေရာရလာတဲ့ ဆွီဒင်သူ တေးရေးဆရာ အဆိုတော်မလေး Tove Lo ရဲ့ နာမည်အပြည့်အစုံကတော့ Ebba Tove Elsa Nilsson ဖြစ်ပြီး သူမဟာ စတော့က်ဟုမ်းမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှစတင်ကာ အနုပညာလောကကို ဝင်ရောက်ခဲ့သူပါ။
play

သူမဟာ ၂၀၁၄ နောက်ပိုင်းမှာမှ လူသိများလာခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၆ မှာတော့ သူမရဲ့ကိုယ်ပိုင်သီချင်းတချို့နဲ့ သူမ Featuring ပါဝင်သီဆိုထားတဲ့ သီချင်းအချို့ဟာ အောင်မြင်မှုတွေရခဲ့ပါတယ်။ အနုပညာထူးချွန်ဆု ၆ ခုပိုင်ဆိုင်ထားတဲ့ Tove Lo ဟာ နာမည်ကျော်အဆိုတော်တွေဖြစ်တဲ့ Coldplay, Alesso, Nick Jonas, Adam Lambert နဲ့ Years & Years တို့နဲ့လည်း တေးသီချင်းတွေ အတူဖန်တီး သီဆိုခဲ့သူလည်း ဖြစ်ပါတယ်။
Credit :duwun