အကျင့်ပျက်ခြစားမှုမှာ သမ္မတပတ်ဂွန်ဟေး ပါဝင်ခဲ့ဟု တောင်ကိုရီးယား စုံစမ်းရေးမှူးများ ပြောကြား

play
သမ္မတပတ်ဂွန်ဟေးနှင့် သူငယ်ချင်းတို့၏ မျက်နှာဖုံးများတပ်ဆင်ကာ ဆန္ဒပြစဉ်။

တောင်ကိုရီးယားမှာ ဖြစ်ပေါ်နေတဲ့ အကျင့်ပျက်ခြစားမှု နိုင်ငံရေးအရှုပ်အထွေးမှာ သမ္မတပတ်ဂွန်ဟေး ပါဝင်ပတ်သက်ခဲ့တယ်လို့ ယုံကြည်ရကြောင်း စုံစမ်းစစ်ဆေးရေးမှူးတွေက နိုဝင်ဘာ ၂၀ ရက်မှာ ပြောကြားလိုက်ပါတယ်။ သမ္မတပတ်ဂွန်ဟေးရဲ့ အနီးကပ်သူငယ်ချင်းနဲ့ အထောက်အကူပြု အဖွဲ့ဝင်ဟောင်းနှစ်ဦးကို စွဲချက်တင်ခဲ့ပြီးနောက် စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ မှတ်ချက်စကား ပေါ်ထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။
play
တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး

သမ္မတပတ်ဂွန်ဟေးရဲ့ သူငယ်ချင်းဖြစ်သူ ချိုဆွန်ဆေးလ်က နိုင်ငံရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်မှုတွေ ရှိခဲ့ကြောင်းနဲ့ သမ္မတနဲ့သူငယ်ချင်းဖြစ်မှုကို အသုံးချကာ စီးပွာရေးလုပ်ငန်းကြီးများကို သူမရဲ့ ဖောင်ဒေးရှင်းတွေအတွက် ရန်ပုံငွေထည့်ဝင်ရန် ဖိအားပေးမှုတွေ ရှိခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။
play
ဆိုးလ်မြို့မှာ သမ္မတနုတ်ထွက်ရန် ဖယောင်းတိုင်များထွန်းပြီး ဆန္ဒပြမှု

တောင်ကိုရီးယားမှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအရှုပ်အထွေးနဲ့ ပတ်သက်ပြီး သမ္မတပတ်ဂွန်ဟေးကို ရာထူးမှနုတ်ထွက်ရန် သိန်းနဲ့ချီတဲ့ ပြည်သူတွေက ဆန္ဒပြမှုတွေလည်း ဆက်တိုက် ပေါ်ပေါက်နေပါတယ်။
တောင်ကိုရီးယားလွှတ်တော်ကလည်း သမ္မတပတ်ဂွန်ဟေးကို စစ်ဆေးမေးမြန်းရန် အထူးစုံစမ်းရေးမှူး ခန့်အပ်ခွင့်ပြုထားပြီး အဆိုပါ အထူးစုံစမ်းရေးမှူးက ရက်ပေါင်း ၁၂၀ အတွင်း စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ပြီး လိုအပ်တဲ့ စွဲချက်တင်မှုတွေ ပြုလုပ်နိုင်ကြောင်း သိရပါတယ်။
Source & Photo: 

Credit :duwun


Share on Google Plus

About Myanmar Magazine