မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ရာထူးတွေကို အစိုးရနဲ့မပက်သက်သူတွေကို ခန့်အပ်ဖို့ ပြင်ဆင်မှုတွေလုပ်မယ်

play

အထွေထွေအုပ်ချုပ်ရေးမှူးတွေရဲ့ ကတော်တွေကိုပေးထားတဲ့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရဲ့ ကြီးကြပ်ရေးဥက္ကဋ္ဌနေရာတွေမှာ အစိုးရနဲ့ မပတ်သက်တဲ့ စေတနာ့ဝန်ထမ်းတွေကို ခန့်အပ်နိုင်ဖို့ လုပ်ထုံးလုပ်နည်းတွေ ပြင်ဆင်မယ်လို့ သိရပါတယ်။
အသင်းရဲ့ သက်ဆိုင်ရာဥက္ကဋ္ဌအဆင့်ဆင့်နေရာတွေနဲ့ ဗဟိုကောင်စီဝင်နေရာတွေကို အစိုးရနဲ့ မပတ်သက်တဲ့ ပရဟိတစေတနာ့ဝန်ထမ်းနဲ့ စိတ်ဝင်စားတဲ့ အငြိမ်းစားဝန်ထမ်းတွေကို ခန့်အပ်မှာ ဖြစ်တယ်လို့ နိုဝင်ဘာ ၁၆ရက်က ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားတာ ဖြစ်ပါတယ်။
 ပြည်သူလူထုကို ကိုယ်စားပြုတဲ့ပြည်သူတွေက ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ရှေ့နေချုပ်ရုံးရဲ့ အကြံပြုချက်တွေရယူပြီး သုံးသပ်ပြင်ဆင်ရေးဆွဲလျက်ရှိတယ်လို့လည်း  ၀န်ကြီးက ပြောကြားထားပါတယ်။
၁၉၉၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ မိခင်နှင့်ကလေးစောင့် ရှောက်ရေးဥပဒေအရ အသင်းဥက္ကဋ္ဌအဖြစ် အထွေထွေအုပ်ချုပ်ရေးမှူးတွေရဲ့ ဇနီးတွေက တာဝန်ယူရတာ ဖြစ်ပါတယ်။
Source: 7Day Daily
Photos: MOI
Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.