ဘရာဇီးအဝေးကွင်းမှာ အနိုင်ယူပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုကို ဆက်လက်ဦးဆောင်

play

တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲရဲ့ ပွဲစဉ် ၁၂ မှာ ဘရာဇီးအသင်းက ပီရူးအသင်းကို နိုင်ပွဲထပ်မံရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားကို အမှတ်ဖြတ်ကာ ဆက်လက်ဦးဆောင်နေဆဲ ဖြစ်ပါတယ်။
ဘရာဇီးအသင်းရဲ့ တိုက်စစ်မှာ နေမာ၊ ဂါဘရီရယ်ဂျီးဆက်နဲ့ ကော်တင်ဟိုတို့ ပါဝင်ခဲ့ပြီး ဂိုးတွေကိုတော့ ဂျီးဆက်နဲ့ အော်ဂတ်စ်တိုတို့က သွင်းယူပေးနိုင်ခဲ့တာပါ။ ပထမပိုင်း ၁၁ မိနစ်မှာတင် နေမာရဲ့ကန်သွင်းချက်ကို ပီရူးဂိုးသမား ကာကွယ်ခဲ့ရပါတယ်။ အပိုင်အခွင့်အရေးကို ပထမပိုင်းမှာ ဘရီားဘက်က အကြိမ်ကြိမ်ရရှိခဲ့တာပါ။
play

၃၅ မိနစ်မှာလည်း အပိုင်အခွင့်အရေးကို ဖာနန်ဒင်ဟို က လွဲချော်ခဲ့ပါသေးတယ်။ ဒုတိယပိုင် ၅၈ မိနစ်မှာတော့ ဘရာဇီးအတွက် အဖွင့် ဂိုးရရှိသွားပါတယ်။
ကော်တင်ဟိုက ဂိုးဧရိယာထဲ ဘောလုံးဆွဲလာပြီး လဲကျသွားပေမယ့် ဘေးမှာရှိနေတဲ့ ဂျီးဆက်ထံကို ဘောလုံးအရောက် ပေးနိုင်ခဲ့ပါတယ်။  ဂျီးဆက်က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့တာကြောင့် ဘရာဇီးအဖွင့်ဂိုး ရသွားခဲ့တာပါ။ ၇၈ မိနစ်မှာ နောက်ထပ် တစ်ဂိုး ထပ်ရခဲ့ပါတယ်။
play

ကွင်းလယ်ကနေ ဂိုးရှေ့ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ပီရူးနောက်တန်းဟန့်တားရာမှာ ဘရာဇီးကစားသမား ဂျီးဆက်ထံကို ရောက်သွားပါတယ်။ ဂျီးဆက်က အခြားတစ်ဖက်မှာရှိနေတဲ့ အော်ဂတ်စ်တိုထံ ထိုးပေးလိုက်ပြီး အော်ဂတ်စ်တိုက အမှားအယွင်းမရှိ ကန်သွင်းလိုက်ပြန်တာဖြစ်ပါတယ်။

ဘရာဇီးက ဒီနိုင်ပွဲကြောင့် အမှတ်ဆက်ဖြတ်နိုင်ခဲ့ပမေယ့် ပီရူးကတော့ ခြေစစ်ပွဲအောင်ဖို့ ဝေဝါးသွားခဲ့ရပါတယ်။
ှSource : Flashscore/ Goal  Credit :duwun
Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.