မမြင်ချင်ရင် ရတယ်လေ


သောကြာနေ့ ညနေ ရုံးဆင်းပြီးချိန်မှာတော့ လစာ ထုတ်ထားတဲ့ ဘော့ တစ်ယောက် အရင်လို အိမ် တန်းမပြန်ခဲ့ပါဘူး။ ဘော့ဟာ စနေ၊ တနင်္ဂနွေ အားလပ်ရက် နှစ်ရက်ကို သူငယ်ချင်းတွေနဲ့ ပါတီလုပ်ရင်း ကဲလိုက်တာရှိသမျှ လစာလည်း အကုန်ပြောင်သွားခဲ့ပါတယ်။

တနင်္ဂနွေနေ့ညမှာ ဘော့ အိမ်ပြန်ရောက်လာတော့ ဒေါသထွက်နေတဲ့ သူ့မိန်းမက အိမ်ဝကစီးပြီး ရန်တွေ့ပါတော့တယ်။ ဘော့ရဲ့ လုပ်ရပ်တွေအတွက် သူ့ မိန်းမက နှစ်နာရီလောက် ဒေါသတကြီး အော်ဟစ်ခဲ့ပါတယ်။ နောက်ဆုံးမှာ သူ့မိန်းမက ဆူပူအော်ဟစ်နေတာကို ရပ်တန့်လိုက်ပြီး သူ့ကို အခုလို ပြောပါတယ်။
''ကျွန်မကို နှစ်ရက်၊ သုံးရက်လောက် မမြင်ရရင် ရှင် တော်တော် သဘောကျလား''တဲ့။
ဆူပူခံထားရလို့ စိတ်ညစ်နေတဲ့ ဘော့လည်း ''အေး။ အဲ့ဒါ ငါ့အတွက် ကောင်းတယ်''လို့ ပြန်ဖြေလိုက်ပါတယ်။

တနင်္လာနေ့မှာတော့ ဘော့တစ်ယောက် သူ့မိန်းမကို မတွေ့ခဲ့ပါဘူး။ အင်္ဂါ၊ ဗုဒ္ဓဟူး နှစ်ရက် ထပ်ကုန်သွားတော့လည်း သူ့မိန်းမကို ဘော့ မတွေ့ပြန်ဘူး။ ကြာသပတေးနေ့မှာတော့ သူ့မိန်းမကို ဘော့ ပြန်တွေ့ခွင့်ရခဲ့ပါတယ်။ ဘယ်လို တွေ့ရတာလဲဆိုတော့ အရောင်သက်သာသွားတဲ့ ဘယ်ဘက်မျက်လုံးထောင့်ကနေ တွေ့လိုက်တာပါ။

#​မောင်​ယဉ်​(ပစ်​တိုင်း​ထောင်​)
Ref:SunnySkyz



Share on Google Plus

About Myanmar Magazine