အင်းစိန်ဈေးမှာ တစ်ဦးတည်းလျှောက်သွားနေတဲ့ ကလေးငယ်ကို ခေါ်ယူ စောင့်ရှောက်ထား

play

အင်းစိန်မြို့နယ်ထဲက ဈေးဝယ်စင်တာတစ်ခုမှာ တစ်ဦးတည်း လျှောက်သွားနေတဲ့ အသက်သုံးနှစ်ကျော်အရွယ် ကလေးငယ် တစ်ဦး ကို  နေအိမ်တွေမှာ အ၀တ်လိုက်လံလျှော်ဖွတ်တဲ့  အမျိုးသမီးတစ်ဦးက ခေါ်ယူစောင့်ရှောက်ထားတယ်လို့  သိရပါတယ်။
"ကလေးကငယ်ပြီးတော့ စကားကိုတိတိကျကျ မပြောတတ်သေးဘူး။ လေယာဉ်ကိုမြင်ရင်တော့"ဖေဖေ"ဆိုပြီး ပြောတာမျိုးတွေ ရှိတယ်။ လူတော့ မကြောက်တတ်ပါဘူး။ နာမည်မေးတာတော့ မရဘူး။ ရပ်ကွက်နဲ့ရဲစခန်းကိုတော့ အကြောင်းကြားထားပါတယ်"လို့ ကလေးငယ်ကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ အမျိုးသမီးက ပြောပါတယ်။
"ဖုန်းတွေဆက်ပြီး မေးတဲ့သူတွေတော့ အများကြီးပါ။ တစ်ချို့ကလည်း ကလေးကချစ်စရာကောင်းတော့ မွေးစားချင်တယ်ဆိုပြီး တောင်းတဲ့သူတွေလည်း ရှိပါတယ်။ ဒီနေ့(နိုဝင်ဘာ၃၀)ရက်မနက်ကတော့ ထားဝယ်ကဖုန်းဆက်တယ်။ သူတို့ကလေးနဲ့ တူတယ်လို့ ပြောပါတယ်။ ခုချိန်ထိတော့ ရောက်မလာသေးပါဘူး"လို့ အဆိုပါအမျိုးသမီးက ပြောခဲ့ပြီး အုပ်ထိန်းသူတွေအနေနဲ့ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့အတူ ဖုန်း ၀၉၇၃၀၈၇၆၄၇၊ ၀၉၂၅၆၄၈၅၇၇၇၃ ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါကလေးငယ်ကို နိုဝင်ဘာ ၁၀ ရက် ညပိုင်းအချိန်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ကလေးငယ်လက်ရဲ့လက်ထဲမှာ အိတ်တစ်လုံးပါပြီး အဲဒီအိတ်ထဲမှာ အဆိုပါအိတ်ထဲတွင် ကလေးဝတ်စုံတစ်စုံပဲ ပါရှိကာ ကလေးမိဘနဲ့ဆွေမျိုးတွေ သိရှိနိုင်ဖို့ လူမှုကွန်ရက်မှာ အကူအညီတောင်းခံခဲ့တာလို့ လူမှုကွန်ရက်စာမျက်နှာမှာ ကလေးငယ်ပုံတင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
Source & Photo : 7DayDaily Credit :duwun


Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.