Breaking News

အရက်နဲ့ပတ်သက်တဲ့ ထူးဆန်းချက် (၆) မျိုး

play

၁။ အရက်သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်မှာ ပူနွေးသလို ခံစားရတယ်လို့ ထင်ကြပေမဲ့ တကယ်တမ်းမှာ အရက်သောက်ခြင်းက ခန္ဓာကိုယ် အပူချိန်ကို လျော့ကျစေတယ်လို့ ဆိုပါတယ်။
play

၂။ ရှန်ပိန်တစ်ပုလင်းမှာ ပါဝင်တဲ့ ဖိအားက မော်တော်ကား တာယာထဲမှာရှိတဲ့ ဖိအားထက် ၃ ဆ ပိုများပါတယ်။
play

၃။ တစ်နေ့လျှင် ဝိုင်တစ်ခွက်သောက်ခြင်းက တစ်နှစ်ကြာတဲ့အခါ ခန္ဓာကိုယ်အလေးချိန် ၁၀ ပေါင် တိုးစေပါတယ်။
play

၎။ ကမ္ဘောဒီးယားမှာ ဆန်အရက်ထဲ အဆိပ်ရှိတဲ့ တာရန်ကျူလာ ပင့်ကူကို စိမ်ပြီး သောက်ခြင်းက လူကြိုက်များပါတယ်။
play

၅။ ဝိုင်တစ်ပုလင်းစာ ချက်လုပ်ဖို့အတွက် ပျမ်းမျှအားဖြင့် စပျစ်သီး အလုံးရေ ၆၀၀ အသုံးပြုရပါတယ်။
play

၆။ ရှန်ပိန်တစ်ပုလင်းမှာ လေပူဖောင်း အရေအတွက် ၄၉ သန်းရှိတယ်လို့ ခန့်မှန်းထားပါတယ်။

Source & Photo: Tech and Facts  Credit :duwun