သူငယ်ချင်းအစစ်လား ခွဲခြားနိုင်တဲ့ အချက်များ

play

လူတိုင်းဟာ ဘဝမှာ သူငယ်ချင်းတွေနဲ့ တွေ့ဆုံ ခင်မင်ရင်းနှီးခွင့် ကြုံရမှာပါ။ ဒါပေမဲ့ သူငယ်ချင်းအာလုံးက သင့်အတွက် တစ်ကယ့်ကို စစ်မှန်တဲ့ သူငယ်ချင်းကောင်း ဖြစ်နိုင်ရဲ့လားဆိုတာ မေးခွန်းထုတ်ချင်စရာပါ။ ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းတွေထဲမှာ ဘယ်သူတွေဟာ ကိုယ့်အတွက် စစ်မှန်အားထားရတဲ့ သူငယ်ချင်းကောင်းဆိုတာ သိနိုင်တဲ့ အချက် (၅) ချက်ကို ဖော်ပြထားပါတယ်။

သင့်အတွက် အချိန်ပေးရဲ့လား

အလုပ်တွေ ရှုပ်နေချိန်မှာလည်း ကိုယ့်ကို သတိတရ ရှိတတ်တဲ့ သူငယ်ချင်းမျိုး ဟုတ်ရဲ့လား ဆန်းစစ်ကြည့်ပါ။
play

အချိန်ပေးပြီး ကိုယ်နဲ့အတူ အပြင်ထွက်တာ၊ ဖုန်းဆက်တာ၊ ဆိုရှယ်မီဒီယာမှာ ကိုယ်နဲ့အတူ check in လုပ်တတ်တာတွေ ရှိသင့်ပါတယ်။ သင်က လိုအပ်တဲ့အချိန်မှာ သင့်အတွက် အချိန်ပေးပြီး အဆင်သင့် ဖြစ်နေတတ်သူဟာ စစ်မှန်တဲ့ မိတ်ဆွေ သူငယ်ချင်းကောာင်း တစ်ယောက်လို့ ဆိုနိုင်ပါတယ်။

သင့်ရဲ့ အောင်မြင်မှုတွေအတွက် ဝမ်းမြောက်တတ်သူလား

သင့်ဘဝမှာ အောင်မြင်မှုတစ်ခုခု ရလာတဲ့အခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်တတ်တဲ့ သူငယ်ချင်း ဟုတ်ရဲ့လားဆိုတာ ဆန်းစစ်ပါ။
play

သူငယ်ချင်းစစ်စစ်တွေက ကိုယ့်ရဲ့ အောင်မြင်မှုတွေအတွက် ဝမ်းမြောက်ဂုဏ်ယူတတ်ပေမဲ့ အတုအယောင် သူငယ်ချင်းဆိုရင်တော့ မနာလို ဖြစ်နေတတ်ပါတယ်။

ဝင်ရောက်စွက်ဖက်လွန်းသူလား

သင့်ရဲ့ ပြုမူနေထိုင်မှုပုံစံ၊ အတွေးအခေါ်နဲ့ အပြင်အဆင်တွေအပေါ် စွက်ဖက် ဝေဖန်တတ်လွန်းသူဆိုရင် သတိထားပါ။
play

လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်မှုကို တန်ဖိုးထား လေစားတတ်သူကသာ သင့်ရဲ့ သူငယ်ချင်းစစ်စစ် ဖြစ်နိုင်ပါတယ်။

သင့်အပေါ် ရိုးသားရဲ့လား

စစ်မှန်တဲ့ သူငယ်ချင်းဆိုတာ သင့်အပေါ် အမြဲတမ်း ရိုးသားသူပါ။
play

ဘယ်လို ခက်ခဲတဲ့ အခြေအနေမျိုးမှာဖြစ်ဖြစ် သင့်အပေါ် ရိုးသားမှုနဲ့ ဆက်ဆံတတ်သူမျိုးပေါ့။ သူငယ်ချင်းစစ်စစ်ဆိုတာ အသေးအဖွဲကအစ သင့်ကို လိမ်လည်လေ့ မရှိသူပါ။

သင့်ကို ကောင်းစေချင်သူလား

စစ်မှန်တဲ့ သူငယ်ချင်းက သင့်ကို ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်စေချင်ပါတယ်။
play

သင့်မှာရှိတဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေက သင့်ဘဝအတွက် အောင်မြင်မှု ရစေနိုင်တယ်ဆိုတာ သတိပေးနေတတ်သူမျိုးပါ။ သူငယ်ချင်းစစ်စစ်ဆိုတာ သင့်ရဲ့ ဆိုးကွက်တွေထဲက ကောင်းကွက်ကို မြင်တတ်သူ ဖြစ်ပါတယ်။
Source & Photo: LifeHack Credit :duwun


Share on Google Plus

About Myanmar Magazine