Breaking News

ဆွဲဆောင်မှုရှိရှိ စကားပြောတတ်အောင် ဘယ်လိုလေ့ကျင့်မလဲ

play

အသံသြဇာမိပါစေ
ကျယ်ကျယ်ပြောပါ။ တစ်ဖက်လူကြားရလောက်တဲ့အသံမျိုးဖြစ်ပြီး အော်ပြောတာမျိုးလည်း မဟုတ်ပါဘူး။ ခေါင်းငုံ့ပြီးပြောတဲ့အကျင့်မျိုးရှိရင် ပြင်ပါ။
လျှော့ချပါ
အရမ်းမြန်မြန်ပြောတဲ့အကျင့်ရှိတယ်ဆိုရင် လျှော့ချပါ။
play

ကြည်လင်ပြတ်သားမှု
မှန်မှန်ကန်ကန်နဲ့ ရှင်းရှင်းလင်းလင်းပြောပါ။ တစ်လုံးချင်း ကြည်ကြည်လင်လင်ပြောတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် စကားပြောတဲ့အခါ လျှာ၊ နှုတ်ခမ်းနဲ့ သွားတို့ဟာ ထိရမယ့်နေရမှာ ထိထိရောရောက် ထိရမှာဖြစ်ပါတယ်။
အသက်ရှုလေ့ကျင့်
အသက်ပြင်းပြင်းရှုတဲ့ လေ့ကျင့်ခန်းမျိုးလုပ်ပါ။ ဝမ်းဗိုက်ပြည့်သွားတဲ့အထိ လေကို ဖြည်းဖြည်းချင်း ဝဝရှုပါ။ နောက်တော့ လေကုန်စင်သွားတဲ့အထိ ဖြည်းဖြည်းချင်းပြန်ထုတ်ပါ။ ဒီလိုမျိုးရှုလိုက် ထုတ်လိုက် လေ့ကျင့်ခန်းကို နေ့စဉ် လုပ်ပေးသင့် ပါတယ်။
play

အသံလေ့ကျင့်ခန်း
လေ့ကျင့်ဖို့အတွက် အကောင်းဆုံးကတော့ စာပိုဒ်တစ်ပိုဒ်ကိုယူလိုက်ပါ။ နောက်တော့ ဒါကိုအသံထွက်ရွတ်ပြီး ဖုန်းနဲ့လည်းအသံသွင်းထားပါ။ နောက်တော့ ပြန်နားထောင်ကြည့်ပါ။ ကိုယ်ပြောထားတဲ့ပုံကို မကြိုက်သေးဘူးဆိုရင် ပြန်လေ့ကျင့်ပါ။  အသံအနိမ့်အမြင့်မပါဘဲ တစ်ဖြောင့်တည်းပြောနေမိတာက ပြဿနာပါ။
ပြုံးပါ
တစ်ဖက်လူနဲ့စကားပြောတဲ့အခါ ဖော်ရွေတဲ့အသံနဲ့ လိုအပ်တဲ့အချိန်မှာ အပြုံးလေးပါ ပါသင့်ပါတယ်။
Photos & Source: wiki How