Breaking News

မိမိကိုယ် အထင်သေးတဲ့ သူတွေ ရှိနေတယ်ဆိုရင်



၁။ သူတို့ထက် သာအောင် လုပ်ပြရမယ်
ငွေကြေးအရ သော်လည်းကောင်း အလုပ် အကိုင် အရသော်လည်းကောင်း မိမိကိုယ် အထင်သေးတဲ့ သူတွေ ရှိနေတယ် ဆိုရင် စိတ်အားငယ်ပြီး သူတို့ကို ကြောက်ရွံမနေပါနဲ့။ တစ်နေ့ကျရင် သူတို့ထက် သာရမယ် ဆိုတာ နေ့တိုင်း အသက်ရှင်သန် နေထိုင်ပါ။

၂။ သူတို့နဲ့ မပြိုင်နဲ့
မိမိဟာ လူတစ်ယောက်ကို ပြိုင်ဆိုင်တယ်ဆိုတာ မိမိသည်လည်း သူနဲ့ အဆင့်တူသာ ဖြစ်နေခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိသွားချင်တဲ့ ပန်းတိုင်ကို ရောက်အောင် စိတ်ဓာတ်ပြင်းထန်းစွာသွားပါ။ ဘယ်တော့မှ အရှုံးမပေးမိပါစေနဲ့။

၃။ အလုပ်လုပ်တိုင်း အထင်သေးတဲ့ သူတွေ မျက်နှာကို မြင်ယောင်ပါ
မိမိကိုယ် နှိမ့်ချဆက်ဆံတဲ့ သူတွေ အထင်သေးတဲ့ သူတွေထက် သာအောင် အလုပ်တွေကို ကြိုးစားလုပ်ကိုင်ဖို့ လိုပါပေတယ်။ အဲဒီလို အလုပ်လုပ်တဲ့ အခါမှာလည်း မိမိကိုယ်အထင်သေးတဲ့ သူတွေရဲ့ မျက်နှာကို မြင်ယောင်ပြီး နာကျဉ်းစိတ်နဲ့ အလုပ်လုပ်ပါ။ မကြာခင် အောင်မြင်ပါလိမ့်မယ်။

၎။ စိတ်ကို မလျော့ချလိုက်မိစေနဲ့
ကောက်ရိုးမီးလိုပဲ မခံချင်စိတ် ရှိနေတုန်းပဲ အလုပ်လုပ်ပြီး ခဏနေရင် စိတ်ကို လျော့ချလိုက်တာမျိုး လုပ်မယ်ဆိုရင်တော့ မိမိဖြစ်ချင်တဲ့ ပန်းတိုင်ကို မရောက်နိုင်ပါဘူး။ ဒါကြောင့် မိမိရောက်အောင် သွားမယ့် ပန်းတိုင်ကို မရောက်မချင်း စိတ်ကို တင်းထားစေလိုပါတယ်။

၅။ စိတ်ကောင်းထား မှန်ကန်တဲ့ နည်းနဲ့ အလုပ်လုပ်
သူများထက် သာချင်လို့ အလုပ်တော့ လုပ်ပါတယ်။ မကောင်းတဲ့ အလုပ်တွေ လုပ်ပြီးတော့ သာအောင် လုပ်တာဟာ မှန်ကန်တဲ့ နည်းမဟုတ်သလို သူများထက် သာဖို့လည်း မလွယ်ကူပါ။ ဒါကြောင့် မိမိကိုယ် အထင်သေးတဲ့ သူတွေ ရှိနေတယ်ဆိုရင် တစ်နေ့ သူတို့ထက် သာစေရမယ်ဆိုတာကို မမေ့ပါနဲ့။
ကျော်လင်းနိုင် (ပစ်တိုင်းထောင်)

www.pyittinehtaung.com