Breaking News

ကမ္ဘာ့ပထမဆုံး နှလုံးအစားထိုးကုသမှုကို ပြုလုပ်ပေးခဲ့တဲ့ ခွဲစိတ်ဆရာဝန် ကွယ်လွန်

play

ကမ္ဘာ့ပထမဆုံး နှလုံးအစားထိုးခွဲစိတ်မှုကို ပြုလုပ်ပေးခဲ့တဲ့ နာမည်ကျော် နှလုံးခွဲစိတ်ဆရာဝန်ကြီး ဒန်တန်ကူလေးဟာ အသက် ၉၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
 Texas ပြည်နယ် ဟူစတန်မြို့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး Texas နှလုံးအင်စတီကျူ့ကို တည်ထောင်သူတစ်ဦးဖြစ်ကာ  ယနေ့ခေတ်မှာ အသုံးပြုနေဆဲဖြစ်တဲ့ နှလုံးခွဲစိတ်မှု နည်းစနစ်ပေါင်းများစွာကို တီထွင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူနဲ့ သူ့အဖွဲ့ဟာ နှလုံးခွဲစိတ်မှုပေါင်း ၁၁၈၀၀၀ ကျော်ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ဇနီးဖြစ်သူဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က သေဆုံးခဲ့ပြီးနောက်မှာ ဒန်တန်ကူလေ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
Photos & Source: Zee News 

Credit :duwun