ကျွန်တော်က ဦးနှောက်သိပ်မကောင်းဘူးဆိုတဲ့ ရွှေထူး

play

မကြာခင် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးတော့မယ့် ရွှေထူးက ဒိုင်ယာလော့ခ်တွေ ပြောတာနဲ့ ပတ်သက်ပြီး သူ့အတွက် အခက်အခဲရှိမယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွှေထူးဟာ ဦးနှောက်သိပ်မကောင်းတာကြောင့် ဖြစ်တယ်လို့ 8days Journal မှာ ဖြေဆိုထားပါတယ်။
play

သူငယ်ချင်းတွေနဲ့စကားပြောနေရင်တောင် ပြောနေတဲ့စကားကို မေ့သွားတတ်တာကြောင့် ဒိုင်ယာလော့ခ်တွေ ပြောဖို့ အခက်အခဲ ရှိတယ်လို့ သူ့ကိုယ်ကိုယ် သုံးသပ်ထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ သူ့အတွက် ပထမဆုံး ရုပ်ရှင်ဖြစ်ပြီး နေတိုး ၊မိုးစက်ဝိုင်တို့နဲ့အတူ ပါဝင်ရိုက်ကူးရမှာ ဖြစ်တယ်လို့  သိရပါတယ်။
play

ပထမဆုံး ရုပ်ရှင်ဇာတ်ကားအတွက်လည်း သူ့အနေနဲ့ အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ထားပြီး သရုပ်ဆောင်ပိုင်း ကိုလည်း တတ်နိုင်သလောက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ ရွှေထူးပါဝင်ရိုက်ကူးမယ့် ရုပ်ရှင် ဇာတ်ကားက "ပက်ပက်စက်စက်ညှို့ " ရုပ်ရှင်ဇာတ်ကား ဖြစ်ပြီး ဇန်နဝါရီလမှာ စတင်ရိုက်ကူးမယ်လို့ သိရပါတယ်။
Source : 8days Journal
Photo  : ရွှေထူး ဖေ့စ်ဘွတ်
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.