Breaking News

ကုန်ဈေးနှုန်း ထိန်းချုပ်ပေးဖို့ အစီအစဉ် ပြည်ထောင်စုဝန်ကြီး တိကျစွာ မဖြေ

play

ကုန်ဈေးနှုန်းမြင့်တက်နေမှုကို  ထိန်းချုပ်ပေးဖို့ အစိုးရကဆောင်ရွက်ပေးမယ့်အစီအစဉ်ကို လွှတ်တော်မှာမေးမြန်းရာမှာ အစိုးရကိုယ်စား လာရောက်ဖြေကြားသူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်ဟာ တိကျစွာ ပြန်လည်ဖြေကြားပေးနိုင်ခြင်းမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ထောက်ပြခဲ့ကြတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။ 
နိုဝင်ဘာ ၁၆ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အရပ်ရပ်ကုန်ဈေးနှုန်း မြင့်တက်နေမှုအား ထိန်းချုပ်မယ့်အစီအစဉ်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ထိန်းချုပ်ပေးဖို့ အစီအစဉ်ရှိ၊မရှိနဲ့ ထိန်းချုပ်တဲ့အစီအစဉ်ရှိရင်လည်း ပြည်သူတွေအတွက် ဘယ်လောက်အကျိုးသက်ရောက်မှုရှိလဲဆိုတဲ့ မေးခွန်းကိုမေးတာဖြစ်ပြီး ဖြေတဲ့အထဲမှာ ကုန်ဈေးနှုန်း တက်နေတဲ့အကြောင်းတွေပဲ အသေးစိတ်ရှင်းပြသွားတယ်လို့ မေးခွန်းရှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က ပြောကြားထားပါတယ်။
Photos & Source: 7Day Daily, MOI