Breaking News

ရုံးတွင်းအချစ်ဇာတ်လမ်း၏ ကောင်းကျိုး ဆိုးကျိုးများ...


ရုံးတွင်းအချစ်ဇာတ်လမ်း၏ ကောင်းကျိုး ဆိုးကျိုးများ ကိုဖော်ပြလိုက်ပါတယ်။ရုံးတွင်းအချစ်ဇာတ်လမ်းတွေက အခုအချိန်အထိ အငြင်းပွားလို့ကောင်းတဲ့ခေါင်းစဉ်တစ်ခုဖြစ်နေဆဲပါ။ကိုယ်နှင့်အတူအလုပ်လုပ်နေတဲ့သူကို ဘယ်လိုဖြစ်ပြီး သဘောကျမိသွားသလဲဆိုတဲ့ မေးခွန်းဟာ လူအများစုကို ခေါင်းစားစေပါတယ်။
ဒီလောက်လူအများကြီးထဲကမှ ဘာလို့ဒီတစ်ယောက်ကို သဘောကျမိသွားမှာလိမ့်လို့ သူတို့ကိုယ်သူတို့မေးခွန်းပြန်ထုတ်မိကြမှာပါ။ရုံးတွင်းအချစ်ဇာတ်လမ်းတွေကို တချို့ကုမ္ပဏီတွေက တားမြစ်ကြပြီး အလုပ်ဖြုတ်ပစ်တာတွေအောင်ရှိပါတယ်။ အဲဒီအထိအရေးယူတဲ့အဆင့်တောင်ဆိုတော့ ဒီအချစ်ဇာတ်လမ်း၏အကျိုးအပြစ်တွေကို သိထားသင့်ပါတယ်။

ကောင်းကျိုးများ



(၁)တစ်ယောက်ကို တစ်ယောက်အချိန်ပေးနိုင်ခြင်း

ကောင်လေးနှင့်ကောင်မလေးတစ်ယောက် တစ်ရုံးစီ အလုပ်လုပ်တဲ့အခါ ရုံးတစ်ရုံးကနေ နောက်တစ်ရုံးကို ကောင်လေးက ကူးနေရပါလိမ့်မယ်။ ရုံးဆင်းချိန် ကားကြပ်တော့ ပိုပြီး အချိန်ကုန်တယ်။ တစ်ရုံးတည်းမှာ အတူတူလုပ်နေတော့ ရုံးဆင်းတဲ့အခါ အတူတူပြန်လို့ရပါတယ်။ နေ့လည်စာတွင် အတူတူစားပြီး စကားပြောဖို့အချိန်ရပါတယ်။

(၂)ကားခချွေတာလို့ရခြင်း

အလုပ်ဆင်းတာ နောက်ကျလို့ ချိန်းထားတဲ့အချိန်အမီရောက်ဖို့ တက်စီငှားရတာတို့ နေ့စဉ်ဘတ်စကားခပိုကုန်တာတို့က ရုံးမတူတဲ့အတွဲတွေ ကြုံနေကျပြသာနာတွေပါ။ အခုလို တစ်ရုံးတည်း အလုပ်အတူတူ လုပ်နေတော့ ကားခ၊ တက်စီခကုန်စရာ မလိုတော့ ပိုက်ဆံစုလို့ ရတာပေါ့။

(၃)ပြောစရာစကားတွေ မကုန်ခြင်း

အလုပ်နှင့်ပက်သက်ပြီး တိုးတက်ရာတိုးတက်ကြောင်းတွေ ဆွေးနွေးလို့ရသလို ရုံးက အကြောင်းတွေ အတင်းပြောစရာမကုန်နိုင်ပါဘူး။ သင့်အသက်မွေးဝမ်းကျောင်းအလုပ်တိုးတက်စေနိုင်သလို သင်တို့နှစ်ယောက် ဆက်ဆံရေးကိုလည်း တိုးတက်စေနိုင်ပါတယ်။

ဆိုးကျိုးများရုံးတွင်းအချစ်ဇာတ်လမ်း

(၁)ပြိုင်ဆိုင်ခြင်း

ရုံးမှာ နှစ်ယောက်လုံး ရာထူးအတူတူ လုပ်နေရာကနေ သင့်လက်တွဲဖော်က ရာထူးတိုးသွားတယ်ဆိုရင် သင်က နောက်ကောက်ကျကျန်ခဲ့သလို ခံစားရနိုင်ပါတယ်။ အလုပ်နှင့်ဘ၀ ဟန်ချက်ညီအောင် ထိန်းဖို့ နည်းနည်း ခက်ခဲသွားနိုင်ပါတယ်။

(၂)ကန့်ကွက်ခံရခြင်း

သင်တို့သူဌေးက သင်တို့ဆက်ဆံရေးကို ပထမဆုံးဆန့်ကျင်တဲ့သူဖြစ်လာနိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် လုပ်ဖော်ကိုင်ဖက်တွေကြားမှာ သင်တို့က တစ်ယောက်ကို တစ်ယောက် အလွန်အမင်းဂရုစိုက်ပြတဲ့အခါ အခြားလူတွေကို နေရခက်စေပါတယ်။ ဌာနအပြောင်းအရွေ့ခံရနိုင်သလို ကံဆိုးရင်တော့ တစ်ယောက်က အလုပ်ဖြုတ်ခံရနိုင်ပါတယ်။

(၃)အလွန်အမင်းတွယ်တာလာခြင်း

အစမှာတော့ ပျော်စရာကောင်းပေမယ့် နောက်ပိုင်းမှာ နှစ်ယောက်လုံးအတွက် ငြီးငွေ့လာနိုင်ပါတယ်။ ရုံးမှာလည်း အတူတူ ရုံးကပြန်တော့လည်း အတူတူဆိုတော့ တစ်ယောက်ကို တစ်ယောက်ငြီးငွေ့လာနိုင်ပါတယ်။ နှစ်ယောက်လုံးအတွက် ကိုယ်ပိုင်အချိန်ဆိုတာ မရှိသလောက်ဖြစ်လာပါလိမ့်မယ်။ အထူးသဖြင့် ယောင်္ကျးလေးတွေဟာ ကိုယ်ပိုင်အချိန်ပိုလွတ်လပ်ပါတယ်။ ဒါကြောင့် သင့်လုပ်ဖော်ကိုင်ဖက်ကို လက်တွဲဖော်အဖြစ် ရွေးချယ်မယ်ဆိုရင်တော့ သင့်အတွက် ကိုယ်ပိုင်အချိန်ရှိဖို့ ခက်ခဲပါလိမ့်မည်။


ဖိုးသူတော် (www.phothutaw.com)