Breaking News

သံယောဇဉ်ကြိုး



ဘရာဇီးနိုင်ငံမှ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။ လူနာဖြစ်သူ အမျိုးသမီးဟာ ကင်ဆာရောဂါကြောင့် ရောဂါဝေဒနာကို ခံစားနေရသူပါ။
 သူရဲ့အခြေအနေကတော့ မကောင်းတော့ပါ။ နောက်ဆုံးအခြေအနေတစ်ခုကို ရောက်နေပါပြီ။ မိသားစုအနေနဲ့ သူဖြစ်ချင်တာကို လုပ်ပေးရန် ကြိုးစားခဲ့ပါတယ်။
အဲဒါကတော့ သူ့ရဲ့ခွေးလေးနဲ့ နောက်ဆုံးအကြိမ်တွေ့ချင်တာပါပဲ။ ဒီဆန္ဒကိုဖြည့်စီးပေးဖို့ရန် ဆေးရုံအနေနဲ့ကတော့ လက်ခံရန် မဖြစ်ပါ။
ဘာကြောင့်လဲဆိုတော့ ဆေးရုံအတွင်းမှာ အိမ်မွေးတိရစ္ဆာန်တွေကြောင့် ကူးစက်ရောဂါ ပြန့်မည်ကို စိုးရိမ်တာကြောင့်ပါ။
လူနာ အမျိုးသမီးရဲ့ နောက်ဆုံး ဆန္ဒကို ဖြည့်စီးပေးလိုက်တာကတော့ ဆရာဝန်တွေပါပဲ။