Breaking News

စူပါမွန်းကြောင့် သဘာဝဘေးအန္တရာယ် စိုးရိမ်စရာမရှိလို့ဆို

play

နှစ်ပေါင်း ၆၉ နှစ်အတွင်း လနဲ့ကမ္ဘာအနီးဆုံးဖြစ်ခဲ့ဖြစ်ခဲ့တဲ့ စူပါမွန်းဖြစ်စဉ်ကြောင့် ဆူနာမီငလျင်လို သဘာဝဘေးအန္တရာယ်တွေ ကျရောက်နိုင်တယ်ဆိုတဲ့ သတင်းတွေကမမှန်ဘဲ စိုးရိမ်စရာမဟုတ်ဘူးလို့ ပညာရှင်တွေက ပြောပါတယ်။
‘‘စူပါမွန်းဖြစ်စဉ်ကြောင့် လမင်းကြီးက ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဆီကို အနီးကပ်ဆုံးအကွာအဝေးအထိ ချဉ်းကပ်လာပြီး ကမ္ဘာသူ ကမ္ဘာသားတွေကို နှုတ်ဆက်နေတဲ့အခိုက် တစ်ကမ္ဘာလုံးက လူသားတွေက သောင်းသောင်းဖြဖြကြိုဆိုနေကြတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံမှာတော့ လူတွေကလည်း မြေငလျင်တွေ လှုပ်တော့မယ်၊ ဆူနာမီတွေ ဖြစ်တော့မယ်နဲ့ ကျီးလန့်စာစားဖြစ်ကြတယ်။ လောလောဆယ်ရာသီဥတုအခြေအနေက တည်ငြိမ်ပါတယ်’’လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။
play

လနဲ့ကမ္ဘာက နိုဝင်ဘာ ၁၄ ရက်ညမှာ ၆၉ နှစ်အတွင်း အနီးဆုံးနေရာရောက်ခဲ့တယ်လို့ NASA က သတင်းထုတ်ပြန်ခဲ့ပြီး စူပါမွန်းဖြစ်စဉ်က သဘာဝအရ ဖြစ်ရိုးဖြစ်စဉ်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
စူပါမွန်းဖြစ်စဉ်ကြောင့် လက ပုံမှန်လပြည့်နေ့ထက် ပိုမိုတောက်ပလာခဲ့ပြီး နိုဝင်ဘာ ၁၄ ရက် ညဥ့်သန်းခေါင်ယံမှာ မြန်မာနိုင်ငံနဲ့ အနီးဆုံးနေရာကနေ ဖြတ်သန်းခဲ့ကာ ဒီဖြစ်စဉ်ကို ၂၀၃၄ မတိုင်မီအထိ ထပ်မံမြင်တွေ့ရမှာမဟုတ်ဘူးလို့ နက္ခတ်ဗေဒပညာရှင် ဦးဇေယျာကိုက နာဆာရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီးပြောပါတယ်။
Source : 7DayDaily
Photos : 7DayDaily,Hein Htet(EPA)