Breaking News

မက်ဆီနှင့် ဘာစီလိုနာ၏ ပေါင်သန်း ၉၀၀ ပြဿနာ

play

စပိန်ကလပ် ဘာစီလိုနာအသင်းဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရ မက်ဆီကို ကစားသမားဘဝကုန်ဆုံးတဲ့အထိ အသင်းမှာ ဆက်ထိန်းထားဖို့ ငွေကြေးများစွာ ကုန်ကျဖွယ်ရှိတယ်လို့ သိရပါတယ်။
play

ဘာစီလိုနာအသင်းဟာ လက်ရှိ အသက် ၂၉ နှစ်အရွယ်မက်ဆီကို ပရော်ဖက်ရှင်နယ်ဘောလုံးသမား ဘဝတစ်လျှောက် ထွက်ခွာခွင့် မပေးလိုဘူးလို့ သိရပါတယ်။ ဒါပေမယ့် မက်ဆီကို ဆက်ထိန်းထားဖို့အတွက် ဘာစီလိုနာအသင်းဟာ မက်ဆီရဲ့ လစာငွေတစ်ခုတည်း မဟုတ်ပဲ အခြားကစားသမားတွေကိုပါ ဆက်ထိန်းထားရမယ်လို့ သိရပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ဆက်နေဖို့ သူနဲ့ခင်မင်တဲ့ ကစားသမားတွေကို ဆက်ရှိစေချင်တဲ့ ဆန္ဒရှိနေတာပါ။
မက်ဆီရဲ့ အခင်ဆုံးကစားဖော်တွေဖြစ်တဲ့ တာစတီဂန်၊ ဆွာရက်ဇ်၊ ရာကီတစ်အပြင် အင်နီယေစတာတို့ကိုပါ ဘာစီလိုနာအသင်း ဆက်ထိန်းထားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အတွင်း ဝင်ငွေ ၅၉၃ သန်းရှိခဲ့တဲ့ ဘာစီလိုနာဟာ ကစားသမားတွေအတွက် လစာငွေ သန်း ၃၈၀ ပြန်ကုန်ကျခဲ့ပြီး ဝင်ငွေရဲ့ ၆၄ ရာခိုင်နှုန်းဖြစ်နေပါတယ်။
play

မက်ဆီကို ချုပ်ဆိုမယ့်စာချုပ်သစ်အပြင် ဆွာရက်ဇ်နဲ့ နေမာတို့ရဲ့ အတွဲကိုပါ လစာငွေတိုးမြှင့်ကာ ဆက်လက်ပေးချေရမယ်ဆိုရင် ၂၀၂၁ ခုနှစ်မှာ များပြားလှတဲ့ လစာငွေကို ပေးချေရဖွယ် ရှိနေပါတယ်။ အဲဒီနှစ်မှာပဲ ဘာစီလိုနာအသင်းက ဝင်ငွေသန်း ၉၀၀ လောက် ရရှိမှသာ ဒီလစာငွေကို ပေးချေနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဘာစီလိုနာအသင်းက မက်ဆီကို လက်ရှိစာချုပ်အရ တစ်နှစ် ပေါင် ၂၈ သန်းခန့်ပေးချေထားရပြီး အသစ်ထပ်ချုပ်မယ်ဆိုရင် ထပ်တိုးပေးရဖွယ် ရှိပါတယ်။
Source : Daily Mail  Credit :duwun