Breaking News

သူငယ်ချင်းအဖြစ်က ရပ်စဲရတော့မယ့် လက္ခဏာ (၃) ချက်

play

ကြီးလေ ဝေးလေ
play

 အသက် ၁၃၊ ၁၄၊ ၁၅ လောက်က သူငယ်ချင်းတွေကို မှတ်မိသေးလား။ အသက်ကြီးလာတာနဲ့အမျှ လူဟာ အများကြီးပြောင်းလဲသွားပါတယ်။ လျှောက်တဲ့လမ်းတွေဟာလည်း သင့်သူငယ်ချင်းတွေနဲ့မတူဘဲ ဝေးဝေးလာပါတယ်။ ဘဝမှာ အခက်ခဲအမျိုးမျိုးကို ကြုံသလိုဖြေရှင်းရပါတယ်။ သင့်ဘဝအတွက် သင့်လျှောက်တဲ့လမ်းကြောင့် သူငယ်ချင်းမိတ်ဆွေဆက်ဆံရေးကို ထိခိုက်လာတယ်ဆိုရင် ဒီသူငယ်ချင်းနဲ့ လမ်းခွဲရမယ့်အချိန်ပါပဲ။
အပေးအယူမမျှ
play

ငွေရေးကြေးရေးမှာ အပေးအယူမမျှတာမျိုး မဟုတ်ပါဘူး။ သူငယ်ချင်းဆိုတာ သင့်လိုအပ်တဲ့အခါ ငိုလို့ရတဲ့ ပခုံးတစ်စုံပါ။ သင့်အကြောင်းတွေ ရင်ဖွင့်လို့ရမယ့်သူပါ။ ဒီလိုမှမဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာအရပါ မမျှတမှုတွေများလာတယ်ဆိုရင် သူငယ်ချင်းအဖြစ်က ရပ်စဲဖို့ စဉ်းစားသင့်ပါပြီ။
ခင်မင်မှုဟာ ဒုက္ခဖြစ်လာ
play

ခင်မင်မှုဟာ သင့်အတွက် ဒုက္ခတစ်ခုလိုခံစားလာရတဲ့အချိန်ဖြစ်ပါတယ်။ သူငယ်ချင်းဆက်ဆံရေးဟာ ပုံစံအမျိုးမျိုးနဲ့ သင့်ကိုဒုက္ခတစ်ခုလိုဖြစ်လာပါတယ်။ သင့်အချိန်တွေ၊သင့်ဆီကအရာများစွာတွေကို တောင်းဆိုလာပြီး တစ်ချိန်တည်းမှာပဲ သူကတော့ အားကိုးလို့မရပါဘူး။ သင့်အမြင်တွေကို ဂရုမစိုက်ဘူး၊ သင့်ကို သိမ်ငယ်အောင်ခဏခဏလုပ်မယ်၊ အပေါင်းအသင်းဆိုတာထက် သင့်ကို နှစ်ပြီးသတ်နေတဲ့လူလိုဖြစ်လာပါမယ်။ ဒီလိုအဖြစ်အပျက်တွေ ခဏခဏဆက်နေမယ်ဆိုရင်တော့ သင့်သူငယ်ချင်းနဲ့ အေးအေးဆေးဆေးစကားပြောဖို့လိုပါပြီ။ ဒီလိုဆွေးနွေးတာကိုလည်း လက်မခံဘူးဆိုရင်တော့ မိတ်ဆွေဆက်ဆံရေးကို ရပ်စဲဖို့ စဉ်းစားပါတော့။
Photos & Source: Yahoo