Breaking News

သားသမီးတွေ မအောင်မြင်ရခြင်း၏ အဓိကအချက်



မိဘတိုင်းက သားသမီးတွေတိုင်းကို အောင်မြင်စေချင်တယ်။ အကောင်းဆုံးဆိုတာတွေကိုပဲ ဖြစ်စေချင်တယ်။ ဒါပေမယ့် အချို့အယူအဆ အလွှဲတွေကြောင့် ခြင်္သေ့တစ်ကောင်လို အောင်မြင်ရမည့် အစား ခပ်တုံးတုံး ယုန်လေးတစ်ကောင်ဖြစ်သွားတတ်ပါတယ်။
တစ်ချို့မိဘတွေက ကိုယ့်သားသမီးကို လက်ရှိအောင်မြင်နေတဲ့ သက်တူရွယ်တူလူတွေလိုဖြစ်စေချင်တယ်။ ဖြစ်စေချင်တဲ့စိတ် တစ်ခုတည်းနဲ့တော့ ဘာမှဖြစ်မလာပါဘူး။ တကယ်ဖြစ်စေချင်တဲ့စိတ်ဆိုတာလည်း ရှိဖို့လိုပါတယ်။ အောင်မြင်နေတဲ့လူငယ်တွေရဲ့  မိဘတွေကို တကယ်ဖြစ်စေချင်စိတ်ရှိတဲ့သူ လို့ဆိုပါစို့
(၁) သူတို့ဟာ သားသမီးကို အပြည့်အ၀ယုံကြည်ပါတယ်။
(၂) သူတို့ဘ၀မှာ နံပါတ်တစ် အရေးကြီးဆုံးက သားသမီးတွေလို့လက်ခံထားတယ်။
(၃) မှားသွားခဲ့ရင်တောင် ပြန်ထူပေးဖို့ လက်တစ်စုံအဆင်သင့်ရှိပါတယ်။
(၄) စိတ်ကူးယဉ်ဆန်တဲ့ အတွေးမျိုး သားသမီးတွေက တွေးတောခဲ့ရင်တောင် ဘယ်တော့မှ မလှောင်ရီ ကြပါဘူး။
(၅) သားသမီးကို အရိပ်ကောင်းတဲ့သစ်ပင်တစ်ပင်မှာ နားခိုဖို့ ထက် အရိပ်ကောင်းတဲ့ သစ်ပင်တစ်ပင်ဖြစ်ဖို့ ပိုစဉ်းစားတယ်။
မသွေး ဘဲထားတဲ့ဓားတွေက သူ့အလိုလိုထက်လာစရာအကြောင်းမရှိပါဘူး။ မဖြစ်နိုင်ဘူး၊ မင်းကဘာမှမသိပါဘူး။ မင်းကသူ့လိုအောင်မြင်လာမှာလဲ မဟုတ်ပါဘူးဆိုတဲ့ စကားတွေနဲ့ ကိုယ့်သားသမီးရဲ့ အောင်မြင်မှုကို ကိုယ်တိုင် ချောင်ပိတ်ဖျက်ဆီးဖို့ မကြိုးစားပါနဲ့။ ခြသေ့င်္ လိုကျင့်ကြံခိုင်းမှ ခြင်္သေ့ဖြစ်တာပါ။ တယုတယ မွေးမြုပြီး ယုန်တစ်ကောင်လိုမွေးထားရင် ယုန်တစ်ကောင်ဘဲဖြစ်မှာပါ။ မိဘတစ်ယောက်ဖြစ်ခဲ့ရင်တော့ လောကအလယ်မှာ ယုန်လေး တစ်ကောင်ထားခဲ့ရမှာ ထက် ခြင်္သေ့တစ်ကောင်ထားခဲ့ဖို့ ဘယ်တော့မှ နောက်ဆံတင်းမှာ မဟုတ်ပါဘူး။

သက်မြတ်နိုးဝေ (ပစ်တိုင်းထောင်)
Credit : Pyit Tine Htaung