Breaking News

ရွှေတိဂုံစေတီရင်ပြင်ကို ရေသန့်ဘူး၊ အချိုရည်ဘူးနဲ့ ပုလင်းတွေ ယူဆောင်မှုကို တားမြစ်

play

အချိုရည်ပုလင်းတွေကို အသုံးပြုပြီး အသေးစားပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်ကို အရည်ပါတဲ့ ပုလင်း၊ ဘူးတွေကို  ယူဆောင်ဖို့ ခွင့်မပြုကြောင်း ဂေါပကအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
အများပြည်သူ လုံခြုံရေးအတွက် သောက်ရေသန့်အပါအဝင် အချိုရည်ဘူးတွေနဲ့ ပုလင်းတွေကို သယ်ဆောင်လာမယ်ဆိုရင် ရွှေတိဂုံစေတီတော်အဝင်မှာပဲ စစ်ဆေးသိမ်းဆည်းမှာ ဖြစ်ပါတယ်။
play

လုံခြုံရေးအရ စိတ်ချရတဲ့  အခြေအနေရှိမှသာ ပြန်လည်သယ်ဆောင်ခွင့်ပေးမှာဖြစ်ပြီး လက်ရှိမှာတော့  အရည်ပါတဲ့ ပုလင်း၊ ဘူးတွေကို ယူဆောင်ခွင့် ပိတ်ထားမှာဖြစ်ကြောင်း ရွှေတိဂုံစေတီ ဂေါပကအဖွဲ့ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ဘုရားဖူးပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ စေတီတော်ပတ်ဝန်းကျင် လုံခြုံရေးကို ပုံမှန်ထက် ပိုမိုတင်းကျပ်ထားပြီး စစ်ဆေးမှုတွေကို ယခင်ကထက် တိုးမြှင့်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
Source: 7Day Daily
Photos: Kumudra,  နေရဲရင့်